Vol ; 2 Chapter (38)

1K 81 4
                                    

(Unicode)

Chapter - 38

စစ်ပွဲ ပြီးမြောက်ခြင်း၏ ဆယ်ရက်မြောက်သောနေ့...။ ကောင်းကင်သည် ကြည်လင်သာယာနေပြီး တိမ်တို့က ကျဲပါးနေ၏။ ရှီးမာအင်ပါယာ၏ အိမ်ရှေ့စံ ရှီးမာဇူယွမ်နှင့် ဒုတိယမင်းသား ရှီးမာသုချန်တို့၏ ရုပ်အလောင်အား ရှီးမာအင်ပါယာသို့ ပို့ဆောင်မည့်နေ့။

ကျောက်အမတ်ချုပ်သည် ရှောင်ဝမ်မေ့၏ရှေ့၌ ဒူးတုပ်နေပြီး သူက သူ၏ ဘေး၌ စစ်ကဲချုပ် ကျောက်လုံရှင်းက ငြိမ်သက်စွာ ရှိနေသည်။ အချိန်အတော်ကြာ ငြိမ်သက်နေပြီး နောက်တွင် ဝမ်မေ့က သက်ပြင်းချလိုက်​ပြီး...

" ကျောက်အမတ်ကြီး... စစ်ပွဲအတွက် ကုန်ကျ စရိတ်နဲ့ နစ်နာကြေးကို မှတ်တမ်း တင်ပြီးပြီလား၊ လာယူခဲ့ပေးပါ "

" ဟုတ်ကဲ့ ဒီအမတ်က အားလုံးကို ပြင်ဆင်ပြီးသွားပါပြီ ကြင်ယာတော် "

ကျောက်အမတ်က ခေါင်းညိတ်လိုက်ပြီး တော်ဝင် ပြေစာကို ယူဆောင်လာသည်။ ထို့နောက်တွင် ကျောက်လုံရှင်းမှတစ်ဆင့် ဝမ်မေ့အား ဆက်သလိုက်၏။ ဝမ်မေ့က ထိုပြေစာအား တစ်ချက်စစ်ဆေးပြီး ကျောက်လုံရှင်းလက်ထဲသို့ ပြန်ပေးကာ...

" ကောင်းပြီ မင်းသားနှစ်ပါးရဲ့ ရုပ်အလောင်းနဲ့ ဒီပြေစာကို ပေးပြီးတဲ့အခါ အဲဒီ အင်ပါယာအိုကြီးကို ဒီနန်းတော်ကို အရောက်လာခဲ့ခိုင်းလိုက် သူ့အတွက် ဒီကြင်ယာတော်မှာ စေခိုင်းဖို့ စကား အနည်းငယ် ရှိတယ် "

​ဝမ်မေ့က ပြောလိုက်သည်။ ထိုအခါ ကျောက်အမတ်က ခေါင်းညိတ်လိုက်သည်။ အချိန်အခါ ပြီးစီးသည့်နောက် အားလုံးက ပြန်လည်ထွက်ခွာသွားကြလေ၏။

" မေ့အာ... ပင်ပန်းနေပြီလား "

" အစ်ကို... "

ကျောက်အမတ်တို့ ထွက်ခွာသွားပြီးနောက် ဟွားဟွားက အခန်းထဲသို့ ဝင်ရောက်လာသည်။ ဝမ်မေ့က သူ၏ အစ်ကိုတော်အား ကြည့်လိုက်ပြီးနောက် ...

" ဒီအရာက ပင်ပန်းတယ်လို့ မခေါ်ပါဘူး၊ ဒါနဲ့ အရှင့်အခြေအနေက... "

" သူက သက်သာနေပါပြီ အခု သတိရလာပြီလေ၊ ဒါကြောင့် မေ့အာများ တွေ့ချင်နေမလားလို့ လာပြောတာ "

The Resurrected Emperor (Complete - Bl)Where stories live. Discover now