Vol ; 1 Chapter (17)

1.2K 116 1
                                    

(Uni code)

Chapter - 17

မြင့်မြတ်သော အင်ပါယာသည် ယနေ့ညတွင် တော်ဝင်ကြင်ယာတော်၏ နန်းဆောင်သို့ အဆောင်တော် ကူးမည် ဖြစ်သည်။ ယင်းအဆောင်တော် ကူးမှုက မြင့်မြတ်သော အင်ပါယာ၏ မျိုးဆက်ကို မင်အင်ပါယာအတွက် ဆောင်ကြဥ်း၍ ပေးနိုင်ပါမည်လား။

ထိုအရာက အင်ပါယာ တော်ဝင်နန်းတော် ဝင်းအတွင်းရှိ လူအားလုံးအတွက် စဥ်းစားစရာ အတွေးစတစ်ခု ဖြစ်၍ လာသည်။ အင်ပါယာသည် ရှီးမာသုချန်အား နှင်းပွင့် တော်ဝင်ကြင်ယာတော်အဖြစ် ဘွဲ့ထူး ပေးအပ်ခဲ့ပြီး တစ်လ ကျော်ကြာသည့်အချိန်မှ ပထမဆုံးအကြိမ်အဖြစ် အဆောင်တော် ကူးခြင်း ဖြစ်သည်။ ထိုအရာက မြင့်မြတ်သော အင်ပါယာမှ ကြင်ယာတော်အတွက် နောက်ထပ်တစ်ကြိမ် အခွင့်အရေး ပေးခြင်းပေလား။

ကောင်းကင်သည် ကြည်လင်နေပြီး ယနေ့တွင် နေသာလျက် ရှိလေ၏။ လျောင် ပြည်နယ်၏ ဆောင်းဦးသည် အမြဲတမ်း နှင်းဖုံးလွှမ်းသော ကာလဖြစ်သည်။ သို့သော်ကား ယနေ့သည်တော့ အခါအားလျော်စွာ ကြည်လင်လျက် ရှိလှသည်။ ထိုအရာက မင်အင်ပါယာအတွက် နေ့ရက်မွန်ကောင်း တစ်ခုကိုဆောင်ယူလာပေး နိုင်ပါမည်လား။ မည်သူမျှ မပြောတတ်ကြပေ။

သို့သော်လည်း အင်ပါယာ နန်းတော်ဝင်း အတွင်း၌ ဘိုးဘေးတို့အတွက် ဆုတောင်းပွဲ ပြုလုပ်ကြသည်။ အင်ပါယာ နန်းတော်၏ ရင်ပြင်တွင် သမင်​ကြေးအိုးကြီးကို ချခင်းထားပြီး ထိုကြေးအိုး၏ အလယ်တွင် နှစ်ပေခန့်ရှိသော အမွှေးတိုင်ကြီး သုံးတိုင်ကိုစိုက်ထူ ထားသည်။ အမွှေးတိုင်မှ အငွေ့များက လေနှင့်အတူ အရပ်မျက်နှာ အသီးသီးသို့ လွင့်ပျံ သင်းကြိုင်၍ နေလေသည်။

" ဘိုးဘေးတွေကို ကန်တော့ကြပါ "

အင်ပါယာ၏ ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ခံထားရသည့် အပျိုတော် အယောက် နှစ်ဆယ်က တစ်ကြိမ် ဦးညွှတ်လိုက်ကြသည်။ သူတို့က အင်ပါယာ၏ ကိုယ်လုပ်တော်အဖြစ် ဟူသော အမည်သာ ရှိသော်လည်း သူတို့က အင်ပါယာကို မမြင်ဖူး သကဲ့သို့ အင်ပါယာသည်လည်း သူမတို့ ထံသို့ တစ်ကြိမ် တစ်ခါလေးတောင်မှ မရောက်လာခဲ့ဖူးပေ။ 

The Resurrected Emperor (Complete - Bl)Where stories live. Discover now