Vol; 1 Chapter (9)

2.1K 232 1
                                    

(Uni Code)

Chapter - 9

တဒင်္ဂ အတွင်း မျိုးနွယ်စု အစည်းအဝေးပွဲက တိတ်ဆိတ်သွားသည်။ အထူးသဖြင့် လူအားလုံး၏ မျက်လုံးအစုံက ဝမ်မေ့နှင့် ရှန်ဖေးဆီသို့ စုပြုံ၍ ရောင်ရှိသွားသည်ဟု ဆိုလျှင် ပို၍ မှန်ပေလိမ့်မည်။ ဝမ်မေ့က သူ့ကို ပွေ့ချီထားသည့် ရှန်ဖေး၏ မျက်နှာကို အသာမော့ကြည့်သည်။

သူက သူ့မျက်လုံးကို မှိတ်ချည်ဖွင့်ချည် လုပ်လိုက်ပြီး ရှန်ဖေးအား ကြည့်သည်။ သူမြင်တွေ့လိုက်ရသောလူက သူတွေ့ဖူးသမျှ ယောကျ်ားများထဲတွင် ယောကျ်ားအပီသဆုံးသော လူတစ်ယောက်ဖြစ်ကြောင်း သူတွေးမိသည်။ ထိုအရာက သူသည် အပြင်လောကသို့ တကြိမ်တစ်ခါမျှ မထွက်ဖူးသေး တာကြောင့်လည်း ဖြစ်မည်။ သို့သော်လည်း မျက်လုံး၊ မျက်ခုံး၊ ဆံနွယ်၊ အသွင်အပြင် နှင့် အသားအရေကအစ ပြောစရာမရှိအောင် ပြည့်စုံသော ယောကျ်ားတစ်ယောက် ဖြစ်ကြောင်းကိုတော့ သူက တစ်ထစ်ချ ပြောရဲသည်။ ထို့နောက်...

" ကျေး... ကျေးဇူးတင်ပါတယ်ဗျ "

ရှန်ဖေးက သူ့အား မဝံ့မရဲကြည့်ကာ ခေါင်းငုံ့၍ ပြောလာသည့် ထိုကောင်လေးကို အသာပြုံး၍ ကြည့်သည်။ ထို့နောက်တွင် သူက ဟွားကို ခေါင်းညိတ်ပြလိုက်ပြီး မူလနေရာ၌ ပြန်ထိုင်လိုက်သည်။ ဝမ်မေ့ကတော့ ဟွားအနားသို့ကပ်သွားပြီး ဟွားကိုကွယ်၍ ရပ်နေလိုက်သည်။

" အစ်ကိုတစ် မေ့အာကို ကူညီပါအုံး အဖေက မေ့အာကို ချုပ်နှောင်ထားဖို့ပဲ သိတာ၊ မေ့အာ အဲဒီအခန်းထဲမှာ မနေချင်တော့ဘူး "

ရှောင်ဝမ်မေ့က ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။ သူ၏ ညီငယ်လေးကို ကြည့်၍ ဟွားက သက်ပြင်း ချလိုက်သည်။ ထို့နောက်တွင် သူက မျိုးနွယ်စု ခေါင်းဆောင်ကို ကြည့်လိုက်ပြီး...

" အဖေ... ညီလေးက ငယ်လွန်းသေးပါတယ် သိပ်ပြီး မချုပ်ချယ်ပါနဲ့ "

" ဝမ်တစ် မင်းဘာသိလို့လဲ မင်းရဲ့ညီလေးက ခြေလက်တွေ ကောင်းနေလို့သာ သာမန်လူလို့ပြောလို့ရပေမဲ့ ဒုက္ခိတတစ်ယောက်နဲ့ မခြားဘူး၊ ငါသာသူ့ကို လွတ်လပ်ခွင့်ပေးလိုက်ရင် သူ့ကို အားလုံးက အနိုင်ကျင့်ကြလိမ့်မယ် "

The Resurrected Emperor (Complete - Bl)Where stories live. Discover now