Vol ; 1 Chapter (3)

4.7K 427 3
                                    

(Uni Code)

Chapter - 3

သူ့တစ်ကိုယ်လုံးက အထိမခံနိုင်လောက်အောင် နာကျင်နေသည်။ ဦးခေါင်းထက်မှ သွေးတို့က မျက်လုံးထဲထိ တိုင်အောင် စီးကျနေပြီး သူက ဘယ်နှကြိမ်မြောက်မှန်း မသိသော သွေးတို့ကို အန်ထုတ်လိုက်၏။ ရှန်ဖေး အနေဖြင့် သူသေရတော့မည်ကို သိသည်။ သို့သော်လည်း သူက မသေချင်သေးပေ။ ထိုစဥ် ကောင်းကင်သည် လင်းချင်း၏ သွားပြီး မျက်စိ ကျိန်းလုမတတ် အလင်းရောင် တစ်ချက် လင်းလက်သွားပြီး ထိုအလင်း ရောင်က ရှန်ဖေး၏ ခန္ဓာကိုယ်ပေါ်သို့ ထိုးဆင်း၍ သွား၏။

ထိုခဏအတွင်း ကမ္ဘာကြီးတွင် နိယာမ တချို့ အပြောင်းအလဲ ဖြစ်ခဲ့သည်။ အထူးသဖြင့် အချိန်ကူးသန်းခြင်း နိယာမသည် ကစဥ့်ကလျား ဖြစ်သွားပြီး အချိန်တို့ကို တည်ငြိမ်မှု ပျက်ပြား စေသည်။ နက္ခတာယာ တို့သည် ပြောင်းလဲခြင်းသဘော တစ်ခုကို ဆောင်နေသည်။ ဂြိုလ်အားလုံးသည် တည်နေရာ လွှဲ​ပြောင်းသွားပြီး ကမ္ဘာလောကကို ထူးဆန်းစွာ ပြောင်းလဲ စေလိုက်သည်။ ထိုအရာ အားလုံးက စက္ကန့်အနည်းငယ် အတွင်း၌ ဖြစ်ပျက်သွားပြီးနောက်တွင် မူလအတိုင်း ပြန်လည် တည်ငြိမ်သွားခြင်း ဖြစ်သည်။

သို့သော်လည်း ထိုစက္ကန့်ပိုင်း အချိန်ကလေးတွင် လူသားတစ်ယောက် အတွက် ကြီးမားသော အပြောင်းအလဲ တစ်ခုလည်း ဖြစ်ပျက်ခဲ့လေသည်။ ထိုအရာက ကောင်းမွန်ခြင်းလော။ သို့တည်းမဟုတ် ဆိုးဝါးခြင်းလော။ မည်သူမျှ မပြောနိုင်သော်လည်း ထိုအရာကတော့ လူသားတစ်ယောက် အပေါ်တွင် အမှန်တကယ်ကြီး ပြောင်းလဲ ဖြစ်ပျက်ခဲ့လေ၏။

              ******************

" အင်ပါယာ မင်ကို ပြန်လည် ကြိုဆိုပါတယ် "

သူ မျက်စိ ဖွင့်လျှင်ဖွင့်ခြင်း ကြားလိုက်ရသည့် အသံကြောင့် ရှန်ဖေးက လန့်သွားသည်။ ထို့နောက် သူက ပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် ဝေ့ဝိုက်ကာ ကြည့်လိုက်၏။

' ငါဘယ်ရောက်နေတာလဲ '

သူ့စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်လိုက်သည့် အသံ။ ထိုအသံထဲ၌ အံ့သြမှုနှင့်အတူ မင်သက်ခြင်းများလည်း ပါဝင်နေ၏။ အခန်းအပြည့် ဆေးနံ့များ လွှမ်းခြုံနေပြီး ယောကျ်ားနှစ်ဖက်စာလောက်အထိ ကြီးမားသော တိုင်လုံးများ၊ အိစက်ညက်ညောလှသည့် ပိုးဖဲကတ္တီပါ လိုက်ကာစများ၊ သူ့ရှေ့၌ ဒူးထောက်ကာ ငြိမ်သက်နေကြသော လူများ။ သူက သူ့ခေါင်းကို ကုတ်လိုက်ပြီး ဆံနွယ်တွေကို ထိုးဖွလိုက်သည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now