Vol ; 2 Chapter (37)

951 74 2
                                    

(Unicode)

Chapter - 37

စစ်ပွဲဟူသည့် သဘောတရားတွင် မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုးဟူ၍ မရှိ။ စစ်ပွဲတွင်း၌ ရှိသော တစ်ခုတည်းသော အရာကား ရန်သူ့ထံမှ မိမိတို့အုပ်စု အောင်နိုင်ခြင်းပင် ဖြစ်သည်။ မိမိက မေတ္တာတရား ကြီးမားနေပါက ထိုးစိုက်ခံရသော ဓားချက်သည် မိမိ၏ နှလုံးဝ၌သာ ဖြစ်ပေလိမ့်မည်။ စစ်ပွဲ တစ်ခုတွင် အရက်စက်နိုင်ဆုံးသူက အနိုင် ရလိမ့်မည်မှာ သေချာ၏။ ထို့အတွက်ကြောင့် စစ်ပွဲ၌ အမေး အများဆုံးသော မေးခွန်းကား တစ်ခုသာလျှင် ရှိသည်။ ထိုအရာကား 'မင်းက ဘယ်လောက်အထိ ရက်စက် နိုင်သလဲ' ဟူ၍သာ ဖြစ်လေ၏။

ယခု မင်အင်ပါယာ၏ တော်ဝင်ကြင်ယာတော် ရှောင်ဝမ်မေ့သည် ရတနာဓားကို ကိုင်ဆွဲထားရင်း တစ်ဖက်က မြင်းကို ကျွမ်းကျင်စွာ ထိန်း ကျောင်းနေသည်။ ရှီးမာသုချန်သည် ဝမ်မေ့၏ အရှေ့ဘက်မှ လခြမ်းကွေးဓားရှည်ကို ဝင့်ကာ ကိုင်ဆွဲရင်း အပြင်းနှင်လာလေ၏။

သူတို့နှစ်ဦးက ကိုယ်စီကိုယ်ငှ ထိပ်တိုက်ရင်ဆိုင်ဖို့ရန်အတွက် တွေးတောထားကြပြီး ပြိုင်တူ ဒုန်းဆိုင်း၍ မှောင်းနှင်လာသည်။ နှစ်ဦးလုံးက တစ်ယောက်နှင့် တစ်ယောက် ဝါးတစ်ရိုက် အကွာ၌ ရပ်လိုက်ကြပြီး...

" စစ်ပွဲအတွင်းမှာ ပြန်တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်၊ ဘယ်လိုလဲ ငါကတော့ သက်ညှာမှာ မဟုတ်ဘူးနော် "

" ဟမ့်... သက်ညှာဖို့ မလိုဘူး၊ စစ်ပွဲတစ်ခုမှာ သက်ညှာခြင်းတွေ မလိုဘူး၊ တစ်ခုတည်းသောအရာက အသက်ရှင်နိုင်ဖို့နဲ့ အောင်နိုင်ခြင်းပဲ "

" ပြောတာကောင်းတယ် ကြင်ယာတော်၊ မင်းက အင်ပါယာရဲ့ တော်ဝင်ကြင်ယာတော် ဖြစ်ထိုက်ပါတယ် "

ရှောင်ဝမ်မေ့ နှင့် ရှီးမာသုချန်က အချင်းချင်း အပြန်အလှန် စကား ပြောဆိုနေကြသည်။ ထို့နောက်တွင် သူတို့နှစ်ဦးက တစ်ယောက် မျက်လုံးကို တစ်ယောက် ကြည့်လိုက်ပြီးနောက် ညာသံပေးကာ မြင်းကို ဘေးချင်းယှဥ်၍ နှင်လိုက်ပြီးနောက်...

" ချွင်... ထန် "

ဓားဖျားနှစ်ခုက အချင်းချင်း ထိကပ်သွား၏။ ထို့နောက်တွင် မီးပွားကလေးများက အနည်း အကျဥ်း ထိခတ်သွားပြီး သူတို့နှစ်ဦးက လူချင်း ပြန်ကွဲသွားသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now