Vol ; 1 Chapter (24)

1.1K 112 3
                                    

(Unicode)

Chapter - 24

တော်ဝင် သမားတော်များက အင်ပါယာ၏ နန်းဆောင်နှင့် ရှောင်ဝမ်မေ့၏ နန်းဆောင်ကို ခေါက်တုန့် ခေါက်ပြန် သွားနေ ကြရသည်။ သမားတော်များက မသိလျှင် အခိုင်းအစေများသဖွယ်ပင် ဖြစ်သည်။ သို့သော်လည်း သူတို့ကအင်ပါယာ၏ အမိန့်ကို ထပ်တွန့် မတက်ရဲကြချေ။ သမားတော်အုပ်စုက ရှောင်ဝမ်မေ့၏ အခြေအနေကို မိနစ်တိုင်းတွင် တစ်ယောက်ပြီးတစ်ယောက် အင်ပါယာအား တင်ပြနေရသည်။ပြောင်းလဲမှု တစ်စုံတစ်ခုသာ ဖြစ်ပေါ်သည်နှင့် သူတို့က တော်ဝင်အင်ပါယာ နန်းတော်မှကြီးမြတ်သော တော်ဝင် သမားတော် အဖြစ်မှရပ်စဲ ခံရမည်ဖြစ်လေ၏။

ဤကဲ့သို့ အခြေအနေကို တစ်ပတ်တိတိကျော်လွှား ပြီးသည့်နောက်တွင်တော့ သူတို့အတွက် အသက်ရှူချောင်သည့် အခြေအနေတစ်ခု ရောက်ရှိလာသည်။ ထိုအရာက ရှောင်ဝမ်မေ့သည် လုံးဝကဲ့သို့ ကောင်းမွန်သွားသောကြောင့်ပင်။ သို့ပေမဲ့ ရှောင်ဝမ်မေ့၏ အစ်ကိုရှောင်မုထျန်ကတော့ ကံမကောင်းခဲ့ချေ။ သူကစကား မပြောနိုင်တော့သလို၊ အကြားအာရုံသည်လည်း ပျက်စီးသွားပြီး၊ ခန္ဓာကိုယ်အောက်ပိုင်းပါ အကြောသေသွားသော ကြောင့်ပင်။

ဝမ်မေ့၏ ခန္ဓာကိုယ်က ထွက်ပေါ်လာသည့် ချီစွမ်းအားသည် ပြင်းထန်လွန်းသည်။ ထိုပေါက်ကွဲထွက်မှုကို အဓိက ခံလိုက်ရသည့်အတွက် သူက အသက် မသေရုံတမယ် ဖြစ်သွားခြင်း ဖြစ်သည်။ ထိုအရာက အခြားသော ​ ကျင့်ကြံသူများအတွက် ရှောင်တိမ်းရန်အခြေအနေ ရှိသော်လည်း ကောမျိူးနွယ်စုများ၏ ပင်ကိုယ်ခန္ဓာကိုယ်ကိုက ပျော့ပျောင်းသည့်အတွက် ဤမျှပြင်းထန်သည့် ပေါက်ကွဲမှုတွင် ဤသို့ ဖြစ်သွားရခြင်း ဖြစ်သည်။

ယခုအင်ပါယာ၏ နန်းတော်အတွင်း၌ တော်ဝင်သမားတော် ကိုးယောက်က ခေါင်းငုံ့ကာ ရပ်နေကြသည်။ တော်ဝင် သမားတော်ချုပ်သည် အင်ပါယာ၏ အနားသို့ တိုးကပ်လိုက်ပြီး...

" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ သခင်လေးရှောင်က အားလုံး ကောင်းမွန်သွားပါပြီ၊ အဲတာအပြင် သူ့ရဲ့ ခန္ဓာကိုယ်ကလည်း ပိုပြီးတော့ သန်စွမ်းလာပြီး ချီစုပ်ယူမှု အားကလည်း မထင်မှတ် ထားရလောက်အောင် မြန်ဆန်နေတာ တွေ့ရပါတယ်၊ အရှင်မင်းကြီးထင်ထားသလို၊ သခင်လေးရှောင်က ဒဏ္ဍာရီလာ မွေးရာပါ ဝိညာဥ်ခန္ဓာနဲ့ မွေးဖွားလာတဲ့သူဆိုတာ အသေအချာပါပဲ "

The Resurrected Emperor (Complete - Bl)Where stories live. Discover now