Vol ; 2 Chapter (41)

940 69 3
                                    

(Unicode)

Chapter - 41

မင်အင်ပါယာ၏ တော်ဝင်မြို့တော် အတွင်း၏ မြင့်မြတ်သော အင်ပါယာမြို့တော် တည်ရှိရာ နေရာဒေသတစ်ဝိုက် ကောင်းကင်သည် လွန်စွာ ညိုမှောင်၍ နေသည်။ တိမ်တို့ကလည်း ထူထပ်လွန်းလှပြီး အချိန်အခါမဟုတ် ပါဘဲနှင့် အုံ့ဆွေး၍ နေ၏။

ရာသီဥတုက တစ်စုံတစ်ခု အပြောင်းအလဲ ဖြစ်ပေါ်ရန် နိမိတ်ပြနေပြီး ကြီးမားသည့် အရာတစ်ခု မင်အင်ပါဆီသို့ ရောက်ရောက်တော့မည်ကို နိမိတ်ပြနေသည့်နှယ်။ အင်ပါယာ၏ တော်ဝင် ကြင်ယာတော်နှစ်ပါး ဖြစ်သည့် ကြင်ယာတော် ဝမ်နှင့် ကြင်ယာတော် ဟွားဟွား တို့ကလည်း ကိုယ်ဝန် နေ့စေ့လစေ့ ရောက်နေသည်။

ဤရာသီဥတု အခြေအနေက ကြင်ယာတော် နှစ်ပါး မွေးဖွားလာမည့် ကလေးတို့ကြောင့် ပင်လား မပြောတတ်။ အင်ပါယာသည် သူ၏ မြင့်မြတ်လှစွာသော တော်ဝင်နန်းဆောင် အတွင်း၌ ရှိနေပြီး သူ၏ ဘေး၌ အင်ပါယာ၏ ကိုးကွယ်ရာ နတ်ဆရာနှင့်အတူ ကောင်းကင်နိမိတ်ဖတ် ပညာရှင်များ ရှိနေသည်။

နတ်ဆရာနှင့် နိမိတ်ဖတ် ပညာရှင်တို့က ယခု ခေါင်းချင်းဆိုင်၍ နေကြ၏။ ရှန်ဖေးသည် ထိုပုဂ္ဂိုလ်ငါးဦးကို ရင်ထိတ်စွာ ငေးကြည့်၍ နေသည်။ သူက ရလဒ်ကို သိချင်နေပြီ ဖြစ်သည်။ သို့ပေမဲ့ ထိုလူအိုကြီးများက အနည်းငယ် ကြာလွန်းလှသည်ဟု သူထင်သည်။ အကယ်၍ သူတို့တွင်သာ သာလွန်သည့် နိမိတ်ဖတ်ပညာများ မရှိလျှင် သူ့ဒေါသကြောင့် ထိုလူများ ဇက်ပြုတ်နေမည်မှာ အသေ အချာပင် ဖြစ်လေသည်။

" နတ်ဆရာမိုယွမ် ဘယ်လိုလဲ အကြောင်းစုံကို သိရပြီလား "

နောက်ဆုံး မနေနိုင်တော့သည့်အခါ သူက နတ်ဆရာ မိုယွမ်ကို ချဥ်းကပ်၍ မေးလိုက်သည်။ ထိုအခါ နတ်ဆရာ မိုယွမ်သည် သက်ပြင်းရှည်ကို ချလိုက်ပြီးနောက် နေရာမှထာက ထိုင်ခုံ၌ ဝင်ထိုင်လိုက်ပြီး...

" ကောင်းကင်ရဲ့ ကြယ်တာယာတွေက မစုံသေးဘူး၊ ပြီးတော့... ဆိုးတာက သူတို့က အမျိုးမျိူးပြောင်းလဲ နေတယ်၊ သေချာတာတစ်ခုကို သိရဖို့အတွက် ကျုပ်တို့က ကြယ်တာယာစုံတဲ့ ညဥ့်သန်းခေါင် အချိန်ကိုပဲ စောင့်ရလိမ့်မယ် ထင်တယ် "

The Resurrected Emperor (Complete - Bl)Where stories live. Discover now