Vol; 2 Chapter (42)

1K 70 11
                                    

(Unicode)

Chapter - 42

သူ့မျက်လုံး အစုံက အဆမတန် ပြူးကျယ်နေပြီး ရင်ခုန်သံက တဒုန်းဒုန်း မြည်ဟီးနေသည်။ သူက မယုံကြည်နိုင်ပေ။ ထို့အတူ လက်လည်း မခံနိုင်ပါပေ။ သူ့ကြင်ယာတော်က ဘာမှ ဖြစ်၍ မရပေ။ သူက ရအောင် ကယ်ရလိမ့်မည်။

" ဟွားဟွား... ဟွားဟွား မင်း မင်းဘာမှ မဖြစ်ရဘူး၊ ကိုယ်မင်းကို ဒီလို ဖြစ်ခွင့်မပေးဘူး၊ ကျုံးရှီ ငါ့ကြင်ယာတော်ကို ကြည့်ပေးအုံး၊ မြန်မြန် လုပ်ပါ ​ကျုံးရှိ ကြည့်ပေးအုံးလို့ အား... "

သူက အသိစိတ်လွတ်စွာ ဟွားဟွား၏ ခန္ဓာကိုယ်အား ဖက်တွယ်၍ အော်ဟစ်လိုက်သည်။ ဝမ်မေ့သည်တော့ သွေးနုသားနု ဖြစ်နေသည့် အတွက် ဖြစ်ပျက်နေသည့် အ​ခြေအနေကို မသိရအောင် ကျုံးရှီက မေ့ကြောကိုနှိပ်၍ အိပ်စက်ခိုင်းလိုက်ပြီ ဖြစ်သည်။

ကျုံးရှီက ဆောက်တည်ရာမရ ဖြစ်နေသည့် အင်ပါယာအား ကြည့်၍ သက်ပြင်း ချလိုက်သည်။ အင်ပါယာသည် တစ်ကြိမ်တစ်ခါမှ ဤမျှအထိ ဆောက်တည်ရာမရ မဖြစ်ဘူးပေ။ ထို့ကြောင့် ယခုအခါ အင်ပါယာက မည်မျှအထိ ခံစားနေရမည်ကို သူက အနည်းနှင့်အများ ခံစားမိသည်။ 

ထို့ကြောင့် သူက သက်ပြင်းချလိုက်ပြီး အင်ပါယာ ငိုကြွေးနေသည်ကိုသာ ကြည့်၍နေသည်။ အချိန်အတော်ကြာမှ အင်ပါယာ၏ ငိုကြွေးမှု ဆိတ်ငြိမ်သွားသည့်အခါ သူက အင်ပါယာ၏ အနားသို့ကပ်၍...

" အရှင်... မြင့်မြတ်လှစွာသော အင်ပါယာရဲ့ ကြင်ယာတော် ဟွားဟွားက မီးဖွားရင်း နေ့လယ် ချိန်မှာ ကောင်းကင်ဘုံမှာ အနားယူဖို့ ထွက်သွားပါပြီ အရှင်၊ သတိထားပါ "

" ကျုံးရှီ... ငါ ငါလက်ခံဖို့ ခဲယဥ်းနေသေးတယ်၊ ဒါက တကယ်ပဲလား "

ရှန်ဖေးက တိုးသဲ့တိမ်ဝင်နေသည့် အသံဖြင့် မေးလိုက်သည်။ ကျုံးရှီက သူ့ကိုကြည့်၍ ခေါင်းညိတ်ပြသည်ကို မြင်ရသည့်အခါ သူက မျက်ရည်တစ်ပေါက် စီးကျ၍ သွားလေသည်။

" အရှင်၊ ကြင်ယာတော်ဟွားက သူ့အသက်နဲ့ ရင်းပြီး အရှင့်အတွက် မင်းသမီးလေးကို မွေးဖွားပေးသွားပါတယ် အရှင်၊ အရှင်က အခုလိုမျိုး ဝမ်းနည်းနေတာကို ကြင်ယာတော်ဟွားကလည်း ကြည့်ရက်မှာ မဟုတ်ပါဘူး "

The Resurrected Emperor (Complete - Bl)Where stories live. Discover now