Vol ; 1 Chapter (23)

1K 107 2
                                    

(Unicode)

Chapter - 23

ဝမ်းနည်းခြင်း၊ နာကျင်ခြင်း၊ ခံစားရခြင်း၊ မယုံကြည်နိုင်ခြင်း၊ ဒေါသထွက်ခြင်း၊ ခံပြင်းခြင်းစသော ခံစားချက်မျိုးစုံက ဝမ်မေ့၏ နှလုံးသားကို စူးအောင့်ကာ နာကျင်စေသည်။ သူ၏ အစ်ကိုဖြစ်သူက သူ့ကို အဘယ့်ကြောင့် ဤကဲ့သို့ ပြောရသနည်း။ အမှန်ဆိုလျှင် အစ်ကိုတစ်ကသာလျှင် အဖေ၏ ပထမဇနီးမှ မွေးဖွားခြင်းဖြစ်ပြီး သူနှင့် အစ်ကိုမုထျန်က တစ်မအေတည်းမှ မွေးဖွားထားသည့် သွေးသားရင်းချာပင် ဖြစ်သည်။ ထိုအရာကို ဘာကြောင့်များ၊ သူက စဥ်းစား၍ပင် မရတော့ချေ။

" အား... "

ဝမ်မေ့က ရင်ဘက်မှ စူးအောင့်ကာ နာကျင်မှုကြောင့် မခံမရပ်နိုင်အောင် အော်ဟစ်လိုက်သည်။ ရုတ်တရက် သူ၏ အော်သံကြောင့် မုထျန်က ကြောင်အ၍ သွားသည်။ ထို့နောက်တွင် သူက ဝမ်မေ့၏ အနားသို့ မဝံ့မရဲဖြင့် တိုးကပ်သွားပြီး...

" ဝမ်... ဝမ်မေ့ "

" ထွက်သွား... ငါ့အသားကို မထိနဲ့ "

ဝမ်မေ့၏ ပုခုံးပေါ်၌ လက်တင်ထားသည့် ရှောင်မုထျန်၏ လက်က အလိုအလျောက် ဖယ်ခွာလိုက်သည်။ သူ့ကို အော်ဟစ်လိုက်သည့် ဝမ်မေ့၏ မျက်နှာကို သူက သေသေချာချာ ကြည့်လိုက်သည်။ ထိုအကောင်က သူ့ကို ဘယ်တုန်းက ဤကဲ့သို့သော အသံဖြင့် အော်ခဲ့ဖူးပါသနည်း။ တစ်ကြိမ်မျှ မရှိခဲ့ပေ။ ယခုထိုအကောင်က ဘယ်က သတ္တိတွေရလာပြီး သူ့ကိုဤကဲ့သို့ အော်ဟစ်ဟာ အထက်စီးဆန်သည့်လေသံဖြင့် မောင်းထုတ် ရဲရပါသနည်း။ ထိုအရာက အင်ပါယာကြောင့်လား။ မဖြစ်နိုင်ဘူး။အင်ပါယာက သူ့အပေါ်မှာ အခုလောက် အထိအလိုမလိုက်နိုင်ဘူး။ ဒါဆိုရင်...။

" ခွေးကောင် မင်းက ခွန်အား နည်းနည်း ရှိလာတာနဲ့ပဲ၊ ငါ့ကို ဒီလိုမျိုး ဆက်ဆံလို့ ရမယ် ထင်နေတာလား၊ ကောင်းပြီလေ ဒီနေ့ မင်းကို အဖေ့အစား ဆုံးမပေးမယ် "

ရှောင်မုထျန်က အေးစက်စွာ ပြုံးလိုက်ပြီး ဝမ်မေ့အား ကြည့်လိုက်သည်။ ဝမ်မေ့ကတော့ သူ့အား လုံးဝ လျစ်လျူရှု့၍ ထားသည်။ သူ၏ ပုံစံက အသက်ကိုပင် ဝအောင် မနည်း ရှူရှိုက်နေရဟန်ရှိပြီး အသိစိတ်တို့က လစ်ဟင်းနေပုံပေါ်သည်။ သို့သော်လည်း ထိုအရာကို ရှောင်မုထျန်က မြင်နိုင်ခြင်း မရှိခဲ့ပါချေ။ အကယ်၍ သူသာ ထိုအရာကို ကြိုတင် မြင်တွေ့ခဲ့ပါက ဤကဲ့သို့သော အဆုံးသတ်မျိုးဖြင့် အဆုံးသတ်ရလိမ့်မည် မဟုတ်ချေ။

The Resurrected Emperor (Complete - Bl)Where stories live. Discover now