Vol ; 2 Chapter (43)

1K 74 1
                                    

(Unicode)

Chapter - 43

သည်နေ့က မင်အင်ပါယာ၏ သမိုင်းတစ်သက်တာ၌ ဝမ်းနည်းဖွယ် နေ့ပင်ဖြစ်သည်။ ပြည်သူ ပြည်သားများက အိမ်တိုင်းအိမ်တိုင်းတွင် အနက်ရောင် ဖဲကြိုးများကို အိမ်ရှေ့တွင် ချည်နှောင်ထားကြပြီး ဝမ်းနည်းမှုကို ပြကြ၏။

အားလုံးလိုလိုက အနက်ရောင် ဝတ်စုံများကိုသာ ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာက ညှိုးငယ်စွာ ရှိနေကြသည်။ အင်ပါယာ၏ တော်ဝင်မိဖုရား ဖြစ်သည့် ကြင်ယာတော် ဟွားဟွား၏ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းကို သူတို့အားလုံးက သိထားကြသည်။

ကြင်ယာတော် ဟွားဟွားသည် လူထုအလယ်သို့ ထွက်ခဲလှ သော်လည်း လူတိုင်းက အင်ပါယာအား လေးစား ချစ်ခင်သကဲ့သို့ အင်ပါယာ၏ တော်ဝင် ကြင်ယာတော်ကိုလည်း လေးစားချစ်ခင်ကြ၏။ အင်ပါယာ၏ တော်ဝင် မိဖုရား နတ်ရွာစံခြင်းက သူတို့အတွက်လည်း ဝမ်းနည်းမှုကို ဖြစ်ပေါ်စေသည်။

မင်အင်ပါယာတစ်ခုလုံးက သည်နေ့တွင် အက်ကျသံပင် မကြာရအောင် တိတ်ဆိတ် ငြိမ်သက်၍ နေကြသည်။ ကောင်းကင်သည်ပင် ညိုမှောင်၍ နေပြီး တိမ်မည်းတို့က အင်ပါယာ၏ တော်ဝင်နန်းတော် အထက် အုံဖွဲ့ကာ သိုင်းရစ်၍ ရှိနေရှာ၏။ သဘာဝတရားကြီးပင် ကြင်ယာတော်အတွက် ဝမ်းနည်းပူဆွေး နေသည့်နှယ်။

" ဒူ... ဒူ... ဒူ "

အင်ပါယာ၏ တော်ဝင်နန်းတော် တည်ရှိရာ နယ်မြေမှ တော်ဝင် စည်တော်သံက သုံးချက်တိတိ တီးခတ်သံကို အင်ပါယာ မြို့တော်တွင်း၌ ရှိနေကြသည့် လူအားလုံးက ကြားသိကြသည်။ ထိုအသံကို ကြားသည်နှင့် အားလုံးက တော်ဝင်မြို့တော် ရှိရာသို့ ဦးတည်၍ ထွက်လာကြလေသည်။

ကောင်းနိုင်ငံ၊ ရှီနိုင်က၊ ရှန့်နိုင်ငံ နှင့် အခြားခြားသော နိုင်ငံငယ်များကလည်း သည်နေ့တွင် အင်ပါယာ၏ တော်ဝင်ကြင်ယာတော် တင်မြှောက်သည့်နေ့ထက် များပြားသော လူထုပရိတ်သတ်နှင့်အတူ ရောက်လာကြသည်။ အထူးသဖြင့် အပြစ်လုပ်ထားသည့် ကောင်းနိုင်သံသည် နိုင်ငံလုံးကျွတ် လူထုပရိတ်သတ်ကို ခေါ်ဆောင်၍ လာခဲ့သည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now