Vol ; 1 Chapter (21)

1.1K 114 3
                                    

(Unicode)

Chapter - 21

ဝမ်မေ့၏ နှုတ်ခမ်းတို့က ပွင့်ဟ၍ လာသည်။ သူက တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း အသံကား ထွက်မလာခဲ့ပေ။ ထို့နောက်တွင် သူက တောက်ပစွာ ပြုံးလိုက်သည်။ သူ၏ နားထဲတွင်တော့ ရှန်ဖေး၏ စကားသံကိုသာ အခါခါ အထပ်ထပ် ကြားယောင်၍ နေလေ၏။

မင်အင်ပါယာ၏ တော်ဝင် နန်းတော်အတွင်းသို့ လူတစ်စုက ခပ်သွက်သွက် လျှောက်လာသည်။ ထိုသူက ရှီးမာအင်ပါယာ၏ အရှင်မင်းကြီး ရှီးမာသုချန်ပင် ဖြစ်သည်။ သူ၏ ဘေးတွင်တော့ ရှီးမာဇူယွမ်၏ ကိုယ်ရံတော် လော့ယွီရှိသည်။ လော့ယွီ၏ ဘေးတွင် ခန္ဓာကိုယ် အနည်းငယ်ကြီးမားပြီး ရှီးမာအင်ပါယာနှင့် မျက်နှာကျခြင်းဆင်တူသည့် လူတစ်ယောက် ရှိသည်။

ထိုသူက အခြားမဟုတ်။ တော်ဝင်စစ်တပ်၏ ခေါင်းဆောင်တစ်ဖြစ်လည်း ရှီးမာအင်ပါယာ ရှီးမာသုဖန်၏ ညီတော် ရှီးမာနန်ချောင်ပင် ဖြစ်သည်။ သူတို့အုပ်စုကို ဦးဆောင် လာသူကဟွားဖြစ်ပြီး သူက အင်ပါယာ တော်ဝင်ဥယာဥ်အတွင်းသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်၍ သွားလေသည်။

အင်ပါယာသည် သူ့အား ထိုလူများကို တော်ဝင် ဥယာဥ်၌ တွေ့ဆုံမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အတွက်ကြောင့် သူက ရှီးမာအုပ်စုကို အင်ပါယာ၏ တော်ဝင်ဥယာဥ် ရှိရာသို့ ခေါ်ဆောင်လာခဲ့ခြင်းပင်။ တော်ဝင်ဥယာဥ်၏ အရှေ့သို့ရောက်သည့်အခါ အင်ပါယာမင်သည် ဥယာဥ် ထဲတွင်သူတို့အား စပျစ်သီးစားကာ စောင့်နေသည်ကိုအားလုံးက တွေ့လိုက်ရသည်။

တော်ဝင်ဥယာဥ်သို့ ဝင်မည့်လမ်းတွင် အင်ပါယာမင်၏ စစ်သည်များက စောင့်ကြပ်နေသည်။ ရှီးမာအင်ပါယာသည် ထိုစစ်သည်များကို မျက်နှာထားတင်းတင်ဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင် သူက ဥယာဥ်ထဲသို့​ခြေလှမ်းကို စတင်၍ လှမ်းလိုက်သည်။

" ဥယာဥ်ထဲကို လူသုံးယောက်ပဲ ခေါ်ခွင့်ရှိပါတယ် ရှီးမာအင်ပါယာ ကျေးဇူးပြု၍... "

အစောင့်တပ်သားက ယဥ်ကျေးစွာ ပြောနေသော်လည်း အကယ်၍ သူတို့ကသာ ထိုအတိုင်းမပြုလုပ်ပါက တစ်စုံတစ်ခု ဖြစ်သွားနိုင်သည်။ ရှီးမာအင်ပါယာသည် အစောင့် တပ်သားအားမှတ်မိနေစေရန် သေသေချာချာ ကြည့်လိုက်သည်။ ထို့နောက်တွင် သူက သက်ပြင်းချလိုက်ပြီး အနောက်သို့ လှည့်လိုက်သည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now