Vol ; 2 Chapter (46)

864 65 1
                                    

(unicode)

Chapter - 46

ဝမ်ကျောက်ယွီက သူ၏ နန်းဆောင်ထဲ၌သာ ရှိ၍ နေသည်။ သူက ဝိုင်ကိုအရသာခံ သောက်ရင်း တစ်စုံတစ်ခုကို တွေးနေဟန် ရှိ၏။ ထိုစဥ် အပြင်ဘက်မှ အသံများ ဆူညံလာပြီးနောက် သူ့တံခါး ခေါက်သံကို ကြားလိုက်ရ၏။

" တော်ဝင်ကိုယ်လုပ်တော် ကျုပ် ယွဲ့ကုန်းကုန်းပါ၊ အထဲဝင်လာလို့ ရမလား "

" ယွဲ့ကုန်းကုန်းလား ဝင်ခဲ့ပါ "

သူက အပြင်ဘက်မှသူမှာ ယွဲ့ကုန်းကုန်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ ဝင်ရန် ခွင့်ပြုလိုက်သည်။ ထို့နောက်တွင် သူက မျက်နှာကို အနည်းငယ် ဝမ်းနည်းရိပ် ဖြစ်အောင် ပြုပြင်လိုက်ပြီးနောက်...

" ယွဲ့ကုန်းကုန်း အရှင် အရှင်က... "

" ငါနားလည်တယ် ရှန်လောင် ဘာမှစိတ်မကောင်းမဖြစ်နဲ့၊ မင်းရဲ့နေရာက တည်မြဲပါတယ်၊ အရှင်က တော်ဝင်မင်းသားနှစ်ပါးကို မွေးဖွားပြီးတဲ့နောက်မှာ သူ့ရဲ့ တော်ဝင် ကြင်ယာတော်က သေဆုံးသွားကတည်းက နောက်ထပ် ကြင်ယာတော် မြှောက်ခြင်း မရှိတော့ဘူး၊ ကိုယ်လုပ်တော်တွေ ရှိပေမဲ့ သူက ဘယ်သူ့ကိုမှ ကြင်ယာတော်အရာမှာ ထားဖို့ ဆန္ဒမရှိခဲ့ဘူး "

ယွဲ့ကုန်းကုန်းက ဝိုင်တစ်ခွက်ကို ငှဲ့သောက်ရင်း ပြောသည်။ ဝမ်ကျောက်ယွီသည် သူ၏ စကားကို ငြိမ်သက်စွာ နားထောင်နေပြီး ယွဲ့ကုန်းကုန်း စကား၏ အဓိပ္ပါယ်ကို မှန်းစ၍နေ၏။

" အင်း... ကျုပ်ပြောချင်တာက အခု တော်ဝင်ကိုယ်လုပ်တော်ဆီကို ကျုပ်လာရတဲ့အကြောင်းကို ကိုယ်လုပ်တော် သိလား "

" ဟင့်အင်း ရှန်လောင် မသိဘူး၊ အခုချိန်မှာ ရှန်လောင်က အရှင့်အတွက် ပူဆွေးနေတာကလွဲရင် အခြားခံစားချက်မျိူး ရှန်လောင့်မှာ ရှိမနေပါဘူး "

ဝမ်ကျောက်ယွီ၏ စကားကို ကြားသည့်အခါ ယွဲ့ကုန်းကုန်းက ပြုံးလိုက်သည်။ ထို့နောက် သူက ဝမ်ကျောက်ယွီ၏ မျက်နှာအား သေသေ ချာချာ ကြည့်လိုက်ပြီး...

" ရှန်လောင် ယွဲ့ကုန်းကုန်းက မင်းကို ပြောစရာရှိတယ်၊ ဒီစကားက မင်းမထင်မှတ်ထားတဲ့ စကားမျိုးလည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ကျုပ်ပြောမှကို ဖြစ်မယ် "

The Resurrected Emperor (Complete - Bl)Where stories live. Discover now