Vol ; 1 Chapter (13)

1.7K 160 8
                                    

(Uni Code)

Chapter - 13

ကောင်းကင်သည် တိမ်ရောင်စုံတို့ဖြင့် လှုပ်ရှား လူးလွန့်နေသည်။ လေသည် တောင်အရပ်မှ တိုက်ခတ်လာပြီး တိမ်ရောင်စုံတို့ကို ခပ်ပါးပါး မျောလွင့်သွား စေသည်။ ရှန်ဖေးသည် သူ၏ အင်ပါယာ နန်းဆောင်ထဲ၌ ရှိနေသည်။ ထိုစဥ် သူ၏ ကိုယ်ရံတော်ရွှယ်က အခန်းထဲသို့ ဝင်လာပြီး သူ့အား ဒူးထောက်၍ ဦးညွှတ်လိုက်သည်။

" အရှင် ရှီးမာသုချန် ကြင်ယာတော်က အရှင့်ကို တွေ့ခွင့် တောင်းနေပါတယ်အရှင် "

" ကြင်ယာတော်ကို ဝင်ခိုင်းလိုက်ပါ "

သူက အေးဆေးသက်သာစွာ ပြောလိုက်သည်။ ထို့နောက်တွင် သူ၏ နန်းဆောင်ထဲသို့ နှင်းပွင့် ကြင်ယာတော်က အဖြူရောင် ဝတ်စုံကို ဝတ်ဆင်လာပြီး သူ့ရှေ့၌ ရပ်လိုက်သည်။ သူက ရှီးမာသုချန်အား ကြည့်လိုက်ပြီး...

" ထိုင်ပါ နှင်းပွင့်ကြင်ယာတော်... "

" အရှင့်ကို ကျေးဇူးတင်ပါတယ် အရှင်က အင်ပါယာတစ်ပါး ဆိုတော့ တိုင်းပြည်ရဲ့ တာဝန်တွေကြောင့် မအားမလပ်နိုင်ဘူး ထင်တယ်၊ ညက သုချန်ရဲ့ နန်းဆောင်ကိုတောင်မှ အဆောင်ကူးမလာ ခဲ့ဘူး "

ရှီးမာသုချန်က ရှန်ဖေး၏ မျက်နှာကို ကြည့်၍ ပြောလိုက်သည်။ ရှန်ဖေးသည် ခေါင်းကိုငုံ့ရင်း အခါးရေကို သောက်လိုက်သည်။ ထို့နောက်တွင် သူက သာမန်အတိုင်း ပြောနေသည့် လေသံကိုသုံး၍...

" သုချန် ငါက မင်းရဲ့ နန်းဆောင်ကို မလာတာမဟုတ်ဘူး၊ ငါညက တွေ့ဆုံမှုတစ်ခုလုပ်ခဲ့တယ်၊ အဲဒါပြီးလို့ မင်းအဆောင်ကို ရောက်လာပေမဲ့ မင်းအိပ်နေတာကို မနှိုးရက်တာကြောင့် ငါလှည့်ပြန်သွားခဲ့တာပါ "

ရှီးမာသုချန်က ရှန်ဖေး၏ စကားကို ကြားသည့်အခါ နှစ်လိုဖွယ် ပြုံးလိုက်သည်။ ထိုအပြုံးက သုချန်၏ လှပသော မျက်နှာလေးနှင့် လိုက်ဖက်စွာ တင့်တယ်၍ နေသည်။

" ဒါဆိုရင် ဒီည သုချန်ရဲ့ အဆောင်ကို လာမှာလား၊ သုချန်က အရှင့်အတွက် ရှီးမာအင်ပါယာနိုင်ငံက အကောင်းဆုံး ဝိုင်နဲ့ဧည့်ခံပါ့မယ် "

ရှီးမာသုချန်က မျှော်လင့်ချက် မျက်ဝန်းတို့ဖြင့် ကြည့်ရင်း ပြောလိုက်သည်။ ရှန်ဖေးကတော့ အဖြေမပေးသေးဘဲ နှုတ်ဆိတ်၍ နေသည်။ ထိုစဥ်အခန်းတွင်းသို့ မုန့်က ဝင်ရောက်လာပြီး...

The Resurrected Emperor (Complete - Bl)Where stories live. Discover now