Vol ; 1 Chapter (11)

1.8K 197 5
                                    

(Uni Code)

Chapter - 11

ရှန်ဖေးအနေဖြင့် ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သည်မှာ ယခုဆိုလျှင် ခြောက်လတိတိပြည့်ခဲ့ပြီ ဖြစ်လေ၏။ ထို့ကြောင့် သူက လျောင် ခေတ်၏ ယဥ်ကျေးမှု၊ ဓလေ့စရိုက် နှင့် ထုံးတမ်း အစဥ်အလာ စသည့် အရာ အားလုံးကိုလည်း အကုန်  နားလည် တတ်ကျွမ်း လာခဲ့ချေသည်။

သူက သုံးလတိတိ အင်ပါယာမင်၏ မှတ်တမ်းကို ဖတ်ရှု့ပြီးနောက်တွင် အင်ပါယာမင်၏ စိတ်နေ စိတ်ထားနှင့် ပတ်သက်သည့် အရာ အားလုံးကိုလည်း သိရှိခဲ့ချေပြီ။ ယခုဆိုလျှင် ရှန်ဖေးက သူ့ကိုယ်သူပင် အင်ပါယာ မင်ထျန်းလော့အဖြစ် မှတ်ယူလာပြီ ဖြစ်၏။

ကောင်းကင်သည် ကြည်လင်သာယာနေပြီး တိမ်ရောင်စုံ တို့သည်လည်း သာသာဖြည်းဖြည်း လူးလွန့်၍ နေ၏။ အင်ပါယာ နန်းဆောင်၏ အနောက်ဘက် ဥယျာဥ်ထဲတွင် ရှန်ဖေးက ဓားရေး လေ့ကျင့်နေသည်။ ထိုဓားအတတ်က မင်ထျန်းလော့၏ တိုက်ခိုက်ရေး နည်းစနစ် တစ်ခု ဖြစ်ပြီး သူက ယခု ထိုကျင့်စဥ်အား မုန့်၏ အကူအညီဖြင့် သင်ယူနေခြင်း ဖြစ်လေသည်။

မုန့်သည် ကျောက်တုံးတစ်ခုပေါ်၌ ထိုင်နေပြီး အင်ပါယာ ဓားရေးလေ့ကျင့်နေသည်ကို ကြည့်ရှု့၍ နေသည်။ ရှန်ဖေးသည် ယခု မင်ထျန်းလော့၏ တိုက်ခိုက်ရေး နည်းစနစ်ကို ကျင့်ကြံနေသော်လည်း သူက ထိုအရာက အသက်မဝင် သကဲ့သို့ ခံစားရသည်။ ထို့ကြောင့် သူက ကျင့်ကြံနေရာမှ ရပ်တန့်လိုက်ပြီး...

" မုန့်မုန့် မင်းပြောကြည့်စမ်း ငါ့ရဲ့ နည်းစနစ်မှာ ဘာက လိုအပ်နေတယ် ထင်လဲ "

အင်ပါယာ၏ စကားကြောင့် မုန့်က ကျောက်တုံးပေါ်မှ အောက်သို့ဆင်းလိုက်သည်။ အင်ပါယာသည် သူတို့အပေါ်တွင် အခြားလူများမရှိပါက ရင်းရင်းနှီးနှီး ပြောခွင့်ပေးသည်။ လိုအပ်သည်ကို ထောက်ပြခွင့် ပေးသည်။ ထို့အတွက်​​ကြောင့် မုန့်က စဥ်းစားလိုက်ပြီး...

" ဒါက ဘယ်လိုပဲပြောပြော အရှင်ကိုယ်တိုင် တီထွင်ထားတဲ့ ဓားနည်စနစ်ပဲလေ၊ လိုအပ်ချက်ကတော့ အရှင်ကိုယ်တိုင်ပဲ သိမှာပါ၊ ဒါပေမဲ့ မုန့်ရဲ့ အထင်ကို ပြောရရင် အင်ပါယာက နဂါးသွေးစက်ဓားကို မသုံးဘဲ လေ့ကျင့်နေတာကြောင့်များ ဖြစ်နိုင်သလား "

The Resurrected Emperor (Complete - Bl)Where stories live. Discover now