Vol ; 1 Chapter (2)

6.2K 487 3
                                    

(Uni Code)

Chapter - 2

လျောင်နိုင်ငံ လျောင်မင်းဆက်၏ ခေတ်တွင် အင်ပါယာတစ်ပါး ထွက်ပေါ်ခဲ့သည်။ ထိုသူက ကိုးဆက်မြောက် လျောင်မင်းကြီး၏ တတိယမြောက် သားတော် မင်ထျန်းလော့ပင် ဖြစ်ပြီး အင်ပါယာမင်၏ အင်ပါယာဘွဲ့ ခံယူပွဲတွင် လျောင်မင်းဆက်ကို ဖျက်သိမ်း၍ မင်အင်ပါယာကို ထူထောင်ခဲ့သည်။ မင်အင်ပါယာ၏ ပထမဆုံးသော အင်ပါယာမင်းဆက်သည် အင်ပါယာ မင်ထျန်းလော့ပင် ဖြစ်၏။ မင်အင်ပါယာ၏ လက်အောက်တွင် နိုင်ငံငယ် များစွာရှိပြီး အဓိက နိုင်ငံကြီး သုံးခုကိုလည်း သူက သိမ်းပိုက်ထားသည်။ ယခင်က လျောင်နိုင်ငံ၏ နန်းမြို့တော် ဖြစ်သော ကျိုရှား မြို့တော်ကို သူက နန်းတည်ကာ အင်ပါယာ မြို့တော်အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

မင်ထျန်းလော့ အင်ပါယာ ဖြစ်သည့်အခါ သူ၏ အသက်က ခြောက်ဆယ်မျှသာ ရှိသေးသည်။ လျောင်ခေတ်၏ သက်တမ်း တစ်လျှောက်တွင် သူက အငယ်ဆုံးသော မင်းကြီး ဖြစ်ပြီး အရက်စက်ဆုံးနှင့် အကြမ်းတမ်းဆုံးသော အင်ပါယာ တစ်ပါးလည်း ဖြစ်သည်။ ရှီ၊ ရှန့် နှင့် ကောင်း နိုင်ငံသည် အင်ပါယာမင် သိမ်းယူ ထားခဲ့သည့် နိုင်ငံ (၄၆) နိုင်ငံအနက် အကြီးမားဆုံးသော နိုင်ငံ သုံးခုပင် ဖြစ်သည်။ ရှီနိုင်ငံ၏ မင်းကြီး ရှီရွှယ်ဖုံးသည် မင်ထျန်းလော့ထက် နှစ် ငါးဆယ်ခန့်ကြီးပြီး ကောင်းနိုင်ငံ၏ မင်းကြီး ကောင်းချီသည် အင်ပါယာထက် နှစ် သုံးဆယ်ခန့် ကြီးသည်။

ရှန့်နိုင်ငံ၏ မင်းကြီး ရှန့်ရှားယွင် ကသာ သူနှင့် သက်တူ ရွယ်တူ ရှင်ဘုရင် တစ်ပါးပင် ဖြစ်ပြီး သူနှင့် အနီးကပ်ဆုံးသော မိတ်ဆွေလည်း ဖြစ်လေသည်။ သူတို့ခေတ်၏ သက်တမ်းတွင် လူတစ်ယောက်၏ သက်တမ်းက နှစ်ငါးရာတန်း၌ ရှိပြီး အချို့သော လူများက နှစ်ပေါင်း ရှစ်ရာအထိ တိုင်အောင် နေထိုင်သွားကြသည်။ ထို့အတွက်ကြောင့် နှစ် (၆၀) နှင့် အင်ပါယာ ဖြစ်လာခဲ့ခြင်းက လူတိုင်းအတွက် ငယ်ရွယ်လွန်းသည် ဟူ၍သာ ပြောဖွယ်ရာ ရှိလေသည်။

ထိုအရာအားလုံးက လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ခန့်က အကြောင်းအရာများသာ ဖြစ်ပြီး ယခုတော့ မင်အင်ပါယာသည် ပျက်စီးလုလု အခြေအနေသို့ ရောက်ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် မင်အင်ပါယာ၏ တစ်ဦးတည်းသော အင်ပါယာဖြစ်သည့် အင်ပါယာ မင်ထျန်းလော့သည် ယခုအခါ၌ အင်ပါယာ နန်းဆောင် အတွင်း၌ မလှုပ်မယှက် ငြိမ်သက်နေသောကြောင့်ပင် ဖြစ်လေသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now