Vol ; 2 Chapter (50)

918 69 4
                                    

(unicode)

Chapter - 50

နောက်ဆုံးတွင် ရှောင်လွှဲမရသည့် စစ်ပွဲက ရှီးမာအင်ပါယာအပေါ် ကျရောက်၍ လာချေ၏။ ရှီးမာအင်ပါယာ၏ အင်ပါယာ အသစ် ဖြစ်သော ရှီးမာ ရှန်လောင် တစ်ဖြစ်လည်း ဝမ်ကျောက်ယွီသည် အင်ပါယာဝတ်စုံကို ချွတ်၍ စစ်ပွဲချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်။ သူ၏ မျက်နှာသည်တော့ ထူးထူးခြားခြား အပြုံးတစ်ခုကို ဆင်မြန်း၍ ထား၏။

" လန်ယွဲ့ အနားမှာ ရှိလား "

" လန်ယွဲ့က သခင်လေးအနားမှာ အမြဲ ရှိနေပါတယ် သခင်လေး "

" ကောင်းတယ် ကလေးရော "

" ကလေးလား ရှိပါတယ် သခင်လေး အထိန်းတော်အိုကြီး ဆီမှာပါ "

" သွားခေါ်ခဲ့ ဒီနေ့ ဒီကလေးက စစ်ပွဲရဲ့ အဓိက အရေးကြီးတဲ့လူပဲ "

သူက ပြောလိုက်သည်နှင့် လန်ယွဲ့က အခန်းထဲမှထွက်သွားသည်။ သူမ ပြန်ဝင်လာသည့်အခါ၌ တစ်နှစ်သားအရွယ် ကလေးငယ်က သူမ၏ လက်ထဲ၌ ရှိနေသည်။ ကလေးငယ်၏ ဝင်းလဲ့ တောက်ပသော မျက်လုံးတို့က ဘေးဘီဝဲယာကို ငေးကြည့်နေသည်။

ကလေးငယ်သည် ထူးခြားစွာ ချစ်စဖွယ် ကောင်းလွန်းသည်။ ပါးကလေးနှစ်ဖက်က နီရဲကာ မို့အစ်နေပြီး အသားအရေက ဝင်းဖဲ့ကာ စိုပြေလှသည်။ မျက်ခုံး၊ မျက်လုံးကောင်းကာ နက်မှောင်သော ဆံနွယ်တို့က သူမ၏ မျက်နှာအရှေ့တွင် ဝဲပျံနေသည်။ ထိုကလေးသည်ကား မင်အင်ပါယာ၏ တော်ဝင်သမီးတော်လေး မင်ဟွားလော့ပင်ဖြစ်ချေ၏။

ယခု ကလေးငယ်သည် မင်းသမီးတစ်ပါး၏ အဆောင်အယောင်ကို ဆင်မြန်းထားခြင်း မရှိသော်လည်း မျက်နှာကလေးက တော်ဝင်ဆန်ကာ ချစ်စဖွယ်ကောင်းသည်။ ဝမ်ကျောက်ယွီက ကလေးငယ်ကို တစ်ချက်ကြည့်လိုက်ပြီး...

" လန်ယွဲ့ ...ကလေးကိုခေါ်ခဲ့ "

လန်ယွဲ့က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကလေးကိုခေါ်ဆောင်ကာ ရှီးမာရှန်လောင်နှင့်အတူ လိုက်ပါ၍ သွားလေ၏။

ယခုရှီးမာရှန်လောင်နှင့် သူ၏ အင်ပါယာစစ်တပ်သည် ရှီးမာအင်ပါယာ၏ မြို့ရိုးထက်၌ ရှိနေသည်။ သူတို့က အဝေးကို မျှော်ကြည့်နေပြီး မြစ်ရိုးတစ်လျှောက် ချီတက်လာသည့် မင်အင်ပါယာ၏ စစ်တပ်ကို အဝေးမှ လှမ်းကြည့်နေသည်။ ရှီးမာရှန်လောင်သည် ကလေး၏ လက်ကို ဆွဲလိုက်ပြီး...

The Resurrected Emperor (Complete - Bl)Where stories live. Discover now