Vol ; 1 Chapter (34) 🔞🔞

3.2K 100 1
                                    

(unicode)

Chapter - 34

တော်ဝင်နန်းတော်၏ မြင့်မြတ်သော နန်းဆောင်အတွင်းဝယ် ရှန်ဖေးနှင့် ဝမ်မေ့က မျက်နှာချင်း ဆိုင်၍ ထိုင်နေသည်။ သူတို့ရှိနေသည့် နေရာကမြင့်မြတ် ခုတင်ထက်၌ ဖြစ်ပြီး ယခု သူတို့က ဖိုမဆက်ဆံရေး သွေးနှောဖလှယ်မှု အတွက် အစ ပြုကြတော့မည် ဖြစ်သည်။

" မေ့အာ... မင်းက အဆင်ပြေရဲ့လား "

" ဟမ့်... အရှင်က အခုမှ အတွေ့အကြုံ မရှိတဲ့လူလို ပြုမူနေတာပဲ၊ ဒီကြင်ယာတော် မသိဘဲနဲ့တောင်မှ အစ်ကိုတော်နဲ့ ဖောက်ပြန်ပြီးပြီပဲ၊ လာပါ အရှင်က စိတ်ကြိုက်ပြုမူပါ၊ ဘာလဲ အရှင်က ကြောက်ရွံ့ နေတာလား၊ ဒါဆိုရင် ဒီကြင်ယာတော်ကပဲ ဦးဆောင်လိုက်ရ မလား "

ဝမ်မေ့၏ ထေ့ငေါ့ ပြောဆို နေသော စကားတို့ကြောင့် ရှန်ဖေးက မျက်မှောင် ကြုတ်သွားသည်။ သူက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး...

" ကောင်းပြီလေ ဒီလိုဆိုမှတော့... "

သူက ပြုံးတုံ့တုံ့ မပြုံးတုံ့တုံ့ အမူအရာဖြင့် ဝမ်မေ့အား ကြည့်လိုက်ပြီး အပေါ်ရုံကို လှစ်ဟာစေလိုက်သည်။ ဝမ်မေ့က တစ်ချက် တွန့်သွားသော်လည်း သူက မျက်လုံးကို မှိတ်ထားလိုက်၏။ သူ့စိတ်ထဲတွင် ခံစားချက် အမျိုးမျိုးပြောင်းလဲ နေပါသော်လည်း နောက်ဆုံးတွင် သူက သက်ပြင်း ချလိုက်သည်။

' အရှင်... မေ့အာရဲ့ ရင်ထဲမှာ ခံစားချက်အားလုံးက ပုံစံမျိုးစုံ ပြောင်းလဲနေတယ်၊ ဒါကဘယ်လို ခံစားချက်မျိုးလဲ ဆိုတာကို မေ့အာကိုယ်တိုင်တောင်မှ၊ အမည်မတပ်နိုင်ဘူး၊ အရှင်သိထားရဖို့က မေ့အာရဲ့ ရင်ထဲမှာ အရှင်ဆိုတာရှိနေပေမဲ့လည်း ထာဝရ သိမ်းထားလိုက်ဖို့ပဲ မေ့အာ ဆုံးဖြတ် လိုက်ပါပြီ '

ဝမ်မေ့အနေဖြင့် သူ့စိတ်ကိုလည်း သူကိုယ်တိုင် နားမလည်ခဲ့ပေ။ သူကိုယ်တိုင်ပင် ဟွားဟွားနှင့် ရှန်ဖေးအား သဘောတူ ကြည်ဖြူခဲ့ပြီးမှ ယခုအဘယ့်ကြောင့် ဤသို့ ဖြစ်ရပါသနည်း။

သူက အတွေးတို့ဖြင့် နစ်မွန်းနေချိန်၌ သူ့နှုတ်ခမ်း တစ်စုံကို စွဲယူလိုက်သည့် အနမ်း တစ်ပွင့်ကြောင့် ခန္ဓာကိုယ်က တုန်ရင်သွားသည်။ သူမျက်လုံးကို အသာဖွင့်ကြည့်တော့ အရှင်က သူ့အား မက်မောတွယ်တာစွာ နမ်းရှိုက် နေသည်အား သူတွေ့လိုက်ရ၏။ အရှင်က သူ့ကို ချစ်ကြောင်း သူသိပါသည်။ အရှင့်အား သူက ဟွားဟွားနှင့်လည်း သဘောတူ ခဲ့သည်။ သို့ပေမဲ့ သူ့အတ္တကတော့ အရှင်နှင့် ပတ်သက်၍ ပထမဆုံးဆိုသည့် အရာကိုသာ သူပိုင်ဆိုင် လိုသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now