Vol ; 1 Chapter (27)

1K 102 4
                                    

(Uni code)

Chapter - 27

ရှန်ဖေးက လျှောက်နေသည့် သူ၏ ခြေလှမ်းတို့ကို ရပ်လိုက်ပြီး မျိုးနွယ်စု၏ ခေါင်းဆောင်အား ကြည့်လိုက်သည်။ ထို့နောက်တွင် သူကအနည်းငယ် ကိုးရိုးကားယားနိုင်သော လေထုကို လျစ်လျူရှု့လိုက်ရင်း...

" ပြောရမှာ အားနာပင်မယ့် ဒီအင်ပါယာရဲ့ ရည်ညွှန်း ဆိုလိုချင်တာက မျိုးနွယ်စုခေါင်းဆောင်ရဲ့ ပထမသား ဟွားဟွား နဲ့ တတိယသား ရှောင်ဝမ်မေ့ကို ရည်ညွှန်း ဆိုလိုချင်တာ ဖြစ်ပါတယ် "

" ဘယ်လို... ဘာ ဟွားဟွားနဲ့ မေ့အာကိုလား သူတို့ နှစ်ယောက်လုံးကို တစ်ခါတည်း လက်ထပ် ချင်တာလား၊ အင်ပါယာ မင်းက ဒီလူအိုကြီးဆီက နေပြီး သားတွေကို တစ်ခါတည်း ဓားပြတိုက် ချင်နေတာတော့ မဟုတ် ပါဘူးနော် "

မျိုးနွယ်စု ခေါင်းဆောင်က အနည်းငယ် မသက်သာသော လေယူလေသိမ်းဖြင့် ပြောလိုက်သည်။ အချိန်အတော်ကြာမှ သူက သက်ပြင်းချလိုက်ပြီး...

" သူတို့ နှစ်ယောက်ကရော... သူတို့ရဲ့ ဆန္ဒကို မင်းက သိရပြီလား "

" တော်ဝင် ယောက္ခမက အရင်ဆုံး သဘောတူလိုက်ရင် ကျန်တာက ဒီက သားမက်လေးရဲ့အပိုင်း ဖြစ်သွားပါပြီ "

" အင်... အင်ပါယာ ဒီလူအိုကြီးတော့ မင်းကို အတော်လေး ကြောက်လန့်သွားပြီ၊ ကောင်းပါပြီ ဒီလူအိုကြီးက သဘောတူပါတယ်၊ မင်းက ကြိုးစားကြည့်လိုက်ပါ အဟွတ် ... အဟွတ် "

မျိုးနွယ်စု ခေါင်းဆောင်က ပြောရင်းနှင့် တံတွေး သီးသွားသည်။ သူက အချိန်အတော်ကြာ ထိန်းချုပ်၍ ပြောနေရခြင်း ဖြစ်သည်။ လူတစ်ယောက်က သူ၏ သားနှစ်ယောက်ကိုတစ်ပြိုင်တည်း တောင်းရမ်းခြင်း။ အကယ်၍ ထိုနေရာ၌သာ အင်ပါယာမဟုတ်ပါဘဲ အခြားတစ်ယောက်သာ ဆိုပါက သူက ထိုလူကို အမှုန့်ခြေပစ်လိုက်ပြီးပြီ ဖြစ်လေ၏။

ယခုတော့ သူက ခေါင်းညိတ်ရုံမှတပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ ဒါတောင်မှ အင်ပါယာက သူ့ကို အားနာပေလို့၊ မဟုတ်ပါက သူ့ကိုပါ လက်ထပ်ဖို့ ပြောနေလောက်ချေသည်ဟု သူက တွေးမိလိုက်လေသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now