Vol ; 1 Chapter (32)

1.2K 88 0
                                    

(unicode)

Chapter - 32

အရာအားလုံး ပြီးဆုံးသွားသည့်အခါ ရှောင်ဝမ်မေ့၏ ရင်ထဲ၌ ဗလာကျင်း၍ နေ၏။ အားလုံးက ထင်ကြ လိမ့်မည်။ လက်ထပ်ခဲ့စဥ် တုန်းက တောင်မှ သဘောတူ ကြည်ဖြူခဲ့ပြီးမှ ယခုထိမ်းမြား မင်္ဂလာ ပြုပြီး လွန်ကျူးခဲ့တော့မှ အဘယ့်ကြောင့် မကြည်ဖြူရသနည်း ဟူ၍...။

သို့သော် အားလုံးမသိသည့် အရာက ဝမ်မေ့၏ ရင်ထဲမှ အဖုအထစ်ပင်။ အရှင်သည် သူနှင့် နှစ်ကိုယ်တည်း ရှိခဲ့စဥ်အခါတုန်းက သူ့အား ကတိတစ်ခု ပေးခဲ့ဖူးသည်။ ထိုအရာသည် သူနှင့်အရှင် နှစ်ဦးတည်းသာ သိသည့် ကတိကဝတ်တစ်ခုပင် ဖြစ်၏။ သို့သော်လည်း အရှင်ကတော့ ထိုအရာကို မေ့သွားခဲ့ပြီ ထင်သည်။

~ ဝမ်မေ့ ဒီအရှင်က အရာအားလုံး ပြီးဆုံးသွားတဲ့အခါ မင်းကို ကိုယ့်ရဲ့ တော်ဝင်ကြင်ယာတော်အဖြစ် တင်မြှောက်ပြီး၊ မင်းကို လက်ထပ် ထိမ်းမြား ယူမယ်၊ ကိုယ်တို့ရဲ့ ပထမဦးဆုံး ရင်သွေးဟာ မင်းနဲ့ပဲ ဖြစ်ရမယ်လို့ ကိုယ်ကတိပေးတယ် ~

ထိုစကားသံတို့က သူ့စိတ်ထဲ ပြန်လည်ကြားယောင် လာသည်။ ထို့နောက်တွင် သူ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျ၍ လာ၏။ ယခု သူခံစားနေရသည့် အပူက မည်သည့်အရာနှင့်မျှ မတူပေ။ အမျိုးအမည်မသိသော ဝေဒနာကို အဓိပ္ပါယ်မဲ့စွာဖြင့် ခံစားနေရသည်။ ထိုအရာကို အရှင်မှ သိပါလေစ။ သံယောဇဥ် ဟူသောနှောင်ကြိုးသည် မည်မျှ မြဲမြံ ခိုင်ကြည်ကြောင်းကို သူက ယခုတော့ နားလည်ခဲ့သည်။

အရှင့်၏ ဥပေက္ခာတရားသည် သူ့ရင်ကိုဓားဖြင့် မွှန်းသကဲ့သို့ ခံစားရသည်။ ပရိဒေဝ မီးညွန့်တို့သည် ယခုအခါ၌ သူ့နှလုံးသား အားတငွေ့ငွေ့ ကျွမ်းလောင်ကာ တစ်စထက်တစ်စ ပို၍ပိုစွာ တိုက်စား၍ နေရှာလေ၏။

***

အင်ပါယာ နန်းတော်၏ တော်ဝင် နန်းဆောင်တွင် ရှန်ဖေးသည် ငြိမ်သက်စွာ ရှိ၍ နေသည်။ သူက ပြတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်ကိုငေးငိုင်စွာဖြင့် ကြည့်နေ၏။ သူက သည်ရက်များတွင် သူ၏ ကြင်ယာတော်များရှိရာ နန်းဆောင်သို့ တစ်စက်ကလေးမျှ အဆောင်တော် မကူးခဲ့ချေ။ အထူးသဖြင့် ဝမ်မေ့၏ နန်းဆောင်သို့ ဖြစ်၏။

The Resurrected Emperor (Complete - Bl)Where stories live. Discover now