Vol ; 1 Chapter (18)

1.1K 114 5
                                    

(Unicode)

Chapter - 18

ယခု ရှန်ဖေးသည် ထိုင်ခုံပေါ်၌ ရှိနေပြီး ရှီးမာသုချန်သည် ရှန်ဖေး၏ ခန္ဓာကိုယ်ပေါ်သို့ ခွ၍ထိုင်ထားသည်။ ရှန်ဖေးသည် ရှီးမာသုချန်၏ ဝတ်ရုံ ခါးစည်းကြိုးကို အသာဖြည်လိုက်သည်။ ထိုစဥ်  သူတို့၏ အနောက်မှ လိုက်ကာစသည် လေမတိုက်ပါဘဲနှင့် ယိမ်းနွဲ့ သွားလေ၏။

ရှီးမာသုချန်၏ ညည်းသံလေးများက ခပ်တိုးတိုးကလေး ထွက်ပေါ်နေသည်။ ရှီးမာသုချန်သည် ညည်းညူနေဟန် ရှိသော်လည်း သူ၏ မျက်လုံးအစုံက အနောက်မှ ခန်းစည်း လိုက်ကာကို စူးစိုက်စွာ ကြည့်နေသည်။ ရုတ်တရက် သူ၏ မျက်နှာက တည်ကြည်၍ သွားပြီး မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။

ထိုမဲ့ပြုံးက အမှန်တကယ်ပင် အဓိပ္ပါယ်ဖော်ဖို့ရာ ခက်သည်။ ရှီးမာသုချန်က ဘယ်အရာအတွက် မဲ့ပြုံးကို ပြုံးလိုက်ပါသနည်း။ ရှီးမာသုချန်သည် ရှန်ဖေး၏ လည်တိုင်ကို နမ်းရှုံ့၍ ပါးစပ်ဖြင့် စုပ်ယူနေသည်။ ရှန်ဖေးသည် ရမက်ပြင်းထန်သော ပျားတစ်ကောင်ကဲ့သို့ ရှိနေပြီး သူက မျက်လုံး အစုံကိုမှိတ်၍ ထားသည်။ ရှီးမာသုချန်သည် ရှန်ဖေး၏ လည်တိုင်ကိုနမ်းရှိုက်နေရင်း ရှန်ဖေး၏ ပုံစံကိုလည်း မပျက်မလက် အကဲခတ် ကြည့်ရှု့၍ နေ၏။

ရှီးမာသုချန်၏ လက်တစ်ဖက်က ရှန်ဖေး၏ ခန္ဓာကိုယ်ကို ပွတ်သပ် နေရာမှ တစ်ဆင့် လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ၏​ ခြေထောက်ဆီသို့ ခပ်ဖြည်းဖြည်း ကူးပြောင်း လိုက်သည်။ သူ့လက်က ခြေထောက်နားသို့ ရောက်သည့်အခါ ဝတ်ရုံစကို ဆွဲလှန်လိုက်သည်။

ဝတ်ရုံအောက်တွင် သူ့ခြေထောက်ကြား၌ တွဲလျက်ကပ်ထားသည့် အိတ်တစ်ခုရှိသည်။ ထိုအိတ်ထဲတွင် ပေါက်ဓား သုံးချောင်းက ညီစီစွာ ရှိ၍နေသည်။ ရှီးမာသုချန်သည် ဓားသုံးချောင်းထဲမှ တစ်ချောင်းကို ထုတ်ယူလို​က်သည်။ ဓားသည် သေးသည့်အတွက် သူ၏ လက်ဖြင့်ဆုပ်ကိုင်လိုက်သည့်အခါ မမြင်နိုင်လောက်အောင်အထိ ပျောက်ကွယ်သွားသည်။

ထို့နောက်တွင် ရှီးမာသုချန်က ရှန်ဖေး၏ နှုတ်ခမ်း သားတို့ကို ဖိကိုက်၍ နမ်းရှိုက်လိုက်သည်။ သူ့မျက်ဝန်းသည် နီရဲနေပြီး ကိစ္စတစ်ခုကို ဆုံးဖြတ်ချတ် ချနေဟန်ရှိသည်။ ထို့နောက်တွင် သူက သက်ပြင်းကို ခိုးချလိုက်ပြီး သူ့လက်ထဲ၌ ကိုင်ထားသည့် ပေါက်ဓားငယ်ကို ဆုပ်ကိုင်လိုက်ပြီး ရှန်ဖေး၏ လည်ပင်းဆီသို့ ထိုးထင်လိုက်လေသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now