Vol ; 2 Chapter (53)

892 66 1
                                    

(unicode)

Chapter - 53

ရှန်ဖေး၏ ဓားက သာမန်အားဖြင့် လေးပင်သော ဓားပင် ဖြစ်သည်။ ဓားလက်ကိုင်တွင် နဂါးတစ်ကောင်၏ ကိုယ်ထည်ကို ထွင်းထုထားပြီး ထိုအရာက ရွှေချိန် ပိဿာကျော် လေးပင်လှသည်။ ယခု အင်ပါယာ၏ လက်သုံးတော် နဂါးသွေးစက်ဓားက ကောင်းကင်ထက် ဝဲပျံလျက်ရှိလေ၏။

ထိုဓား၏ တိုက်ခိုက်မှုက ရေပက်မဝင်အောင်ပင် မြန်ဆန်လှပြီး ဝမ်ကျောက်ယွီအဖို့ အတွက်မူ တိမ်းရှောင်ဖို့ရန်ပင် တဖြည်းဖြည်း ခက်ခဲ၍ လာသည်။ သူက နောက်သို့ တဆုတ်တည်း ဆုတ်နေရပြီး ရှန်ဖေး၏ ဓားချက်များကို အလူး အလဲ ရှောင်တိမ်းသည်။ ထိုဓား၏ ဦးတည်ရာများက သူ၏ ဝမ်းဗိုက်၊ လည်မျို၊ နှလုံး၊ ဦးခေါင်းစသည့် သေကွင်းသေကွက် နေရာများကိုသာ ဦးတည်နေသည်။

ဤမျှရက်စက်သည့် တိုက်ခိုက်မှုအရ အင်ပါယာသည် ယခု မည်မျှ ဒေါသထွက်နေကြောင်း သိသာလှသည်။ ကောင်းကင်မှ နေရောင်သည် သူတို့ရှိရာ ကျွန်းစုလေးပေါ်သို့ တိုက်ရိုက် ထိုးကျလျက်ရှိသည်။ ထိုနေရောင်အောက်တွင် ဓားရောင်က တဖျတ်ဖျတ် လက်နေ၏။

" ချွင်... ထန် "

သံ,သံချင်း ထိခတ်သံများက ဆက်တိုက် ထွက်ပေါ်နေသည်။ နှစ်ယောက်တည်း တိုက်ခိုက်နေသည့် တိုက်ပွဲဖြစ်သော်လည်း တိုက်ပွဲ၏ အရှိန် အဟုန်က ပြင်းထန်လွန်းသည်။ ဝမ်ကျောက်ယွီမှာ တဖြည်းဖြည်း ထိတ်လန့်လျက် ရှိလာပြီးလည်း ဖြစ်သည်။

ထို့အတူ နာကျင်မှုကလည်း ပို၍ ပိုစွာ တိုးပွား၍ လာသည်။ ယခု အရှင်က သူ့အား သတ်ဖြတ်ဖို့အထိ ရည်ရွယ်နေပြီလည်း ဖြစ်၏။ ထိုအရာ ထိုခံစားချက်၊ ထိုဒေါသ အားလုံးက အရှင့်၏ ဘေးတွင် ရှိနေသည့် အရှင့်မိဖုရားကြောင့်သာ ဖြစ်သည်။ ထိုအတွေး ဝင်လာသည့်အခါတွင် ဝမ်ကျောက်ယွီ၏ ဒေါသက တစ်ဖန် ပြန်လည် ပေါက်ကွဲလာပြန်သည်။ ထို့နောက်...

" ကျား... "

သူက တစ်ချက် ဟိန်းဟောက်လိုက်ပြီး ရှန်ဖေးထံသို့ ဓားချက်တစ်ချက် ဒရကြမ်း ခုတ်လိုက်သည်။ ထိုဓားချက်ကြောင့် ရှန်ဖေးသည် အနောက်သို့ ခြေသုံးလှမ်း ဆုတ်ခွသွားရသည်။ သူက ဟန်ချက်ပျက်သွားသည့် အခါတွင် ဝမ်ကျောက်ယွီက သူ့ကို လျစ်လျူရှူ့လိုက်ပြီး ဝမ်မေ့ထံသို့ ဦးတည်လိုက်လေသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now