Vol ; 2 Chapter (52)

859 63 1
                                    

(Unicode)

Chapter - 52

ဝမ်ကျောက်ယွီ၏ ဓားက မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်ကာ ဝမ်မေ့၏ သေကွင်းသေကွက်သို့ ပြေးဝင်၍ သွား၏။ ဝမ်မေ့သည် ထိတ်ထိတ် ပျာပျာ ဖြစ်သွားပြီး နောက်သို့ ဒရွတ်တိုက်ကာ ရှောင်တိမ်းလိုက်သည်။ ဓားသည် သူ၏ သွားရာ လမ်းအတိုင်း လိုက်ပါ၍ လာ၏။

" ထန်... ဂလန် "

ကြားမှ ဓားကို ခံလိုက်သည့် အသံနှင့်အတူ ထိုးကလန့်လိုက်သော အသံက ထင်ရှားစွာ ထွက်ပေါ်လာသည်။ ထို့နောက် ဝမ်ကျောက်ယွီနှင့် ရှောင်ဝမ်မေ့တို့က ဆယ်ပေအကွာဆီသို့ အသီးသီး ဆုတ်ခွာ၍ သွားကြလေသည်။

" အရှင်... "

ဝမ်ကျောက်ယွီ၏ နှုတ်ဖျားက ခပ်ပါးပါး ခေါ်သံလေးက တိုးညင်းစွာ ထွက်ပေါ်လာသည်။ ထို့အတူ ပါးပြင်ထက်မှ မျက်ရည်တို့ကလည်း ထင်ရှားစွာ စီးကျလာလေ၏။

ကြားဝင်ခံလိုက်သည့်သူက ရှန်ဖေး ဖြစ်နေသောကြောင့် သူက ခံစားသွားရသည်။ အရှင်က သူမြတ်နိုးသောသူကို သည်လောက်အထိ ကာကွယ်တတ်သည်လား။ ထိုသို့ဆိုပါက သူကရော သူ့အတွက်ကျတော့ အရှင်က တစ်စက် ကလေးမှ စိတ်မပူ၊ စိတ်မရိမ်ဘူးတဲ့လား။

အမှန်တရားကို မျက်မြင်ကြုံတွေ့လိုက်ရသည့် အခါ ဝမ်ကျောက်ယွီက မခံမရပ်နိုင်အောင်ပင် ဖြစ်၍ သွားသည်။ ထိုအရာက အမှန်တရား ဆိုလျှင်တောင်က သူက မယုံကြည်ချင်ပေ။ တနည်းဆိုသော် သူက မယုံကြည်ရဲခြင်း၊ လက်မခံနိုင်ခြင်းပင်ဖြစ်လေ၏။

သူက ရေသေကဲ့သို့ တည်ငြိမ်နေသည့် အကြည့်ဖြင့် ရှန်ဖေးအား အချိန်ကြာမြင့်စွာ ငေးကြည့် နေသည်။ ရှန်ဖေး၏ အကြည့်တို့ကတော့ သူ့အပေါ်၌ စိုးစိမျှမရှိဘဲ ဓားကို ကျောနောက်သို့ ပို့ကာ ခိုင်ခိုင်မြဲမြဲ ရပ်လျက်သာ...။

" အရှင်က ကျောက်ယွီရဲ့ အပေါ်မှာ ဒီလောက်အထိတောင်မှ မုန်းတီးနေပြီပေါ့ "

" ဝမ်ကျောက်ယွီ ငါကိုယ်တော် မင်းအပေါ်ကို ဒီ့ထက်ပိုပြီး မုန်းတီးမိအောင် မလုပ်နဲ့၊ ဟောဒီ ငါကိုယ်တော်က မင်းဆိုတဲ့ ဝမ်ကျောက်ယွီအပေါ်မှာ သခင်နဲ့ကျွန်ဆက်ဆံရေးအပြင် ဘယ်လိုမျိုး ဆက်ဆံရေးမျိုးနဲ့ ဆက်ဆံခဲ့ဖူးသေးလို့လဲ "

The Resurrected Emperor (Complete - Bl)Where stories live. Discover now