Vol ; 2 Chapter (57) Finale

3.9K 120 13
                                    

(Uni code)

Chapter - 57 (Finale)

ကောင်းကင်သည် ကြည်လင်သာယာလျက် တိမ်မည်းတို့က ဝေးလွင့်ကုန်သည်။ လွန်ခဲ့သည့်ရက်များက ဆိုင်းပြင်လာသည့် မိုးရိပ်မိုးသားတို့က ယခုတော့ ကြဲပါးကုန်ကြသည်။ ရှီးမာကောင်းကင်ပြင်တွင် ယခုတော့ ငြိမ်းမြ၍ နွေးထွေးသော နေရောင်ခြည် နွေးနွေးက ရှီးမာအင်ပါယာမြို့တော်အနှံ့ ပက်ဖြန်း၍ နေလေ၏။

အင်ပါယာ မင်ထျန်းလော့သည် ပြင်းထန်သည့် ဒဏ်ရာရပြီးနောက်ပိုင်း တစ်ပတ်တိတိ သတိ လစ်ဟင်းသွားခြင်း ဖြစ်သည်။ ရှီးမာအင်ပါရှိ လူများအပြင် မင်အင်ပါယာမှ လူများအားလုံးသည် ထိုအချိန်က များစွာသော ပူဆွေးသောကကို ရောက်ကြသည်။

ကောင်းကင်ပြင်သည်ပင်လျှင် ပူဆွေးဝမ်းနည်းကာ ခုနစ်ရက်ဆွေသော မျိုးကို အငြိုးကြီးစွာ ရွာသွန်းခဲ့သည်။ ရှစ်ခွင်တိုင်းက မည်းမှောင်ကာနေပြီး နေ့စဥ်ရက်စက် မိုးကြိုးလျှပ်စီးများက အချိန်အခါမရွေး ပစ်ချလျက်ရှိသည်။

ရှီးမာသားတို့၏ ပူဆွေးခြင်းသည် အကယ်၍ အင်ပါယာမင်သာ တစ်စုံတစ်ခု ဖြစ်ပါက သူတို့က တော်ဝင်ကြင်ယာတော်၏ ဒေါသက သူတို့အပေါ် ပြိုကျမည်ကို ကြောက်ရွံ့ခြင်း ဖြစ်၏။ တော်ဝင်ကြင်ယာတော်သည် အင်ပါယာ သတိမရလာသည့် ခုနစ်ရက်ပတ်လုံး အင်ပါယာ၏ အနား၌သာ ရှိနေပြီး တိတ်ဆိတ်ခြင်းကိုသာ အဖော်ပြု၍ နေသည်။

အင်ပါယာ၏ နားနေရာ မြင့်မြတ်ခန်းမအတွင်း သမားတော်ကျုံးရှီမှလွဲ၍ မည်သူမှ အခွင့်မပါဘဲ ဝင်ရောက်နိုင်ခြင်း မရှိချေ။ မင်အင်ပါယာ သားတို့ကတော့ သူတို့၏ မြင့်မြတ်လှစွာသော တော်ဝင် အင်ပါယာကြီးအတွက် ပူဆွေး ဝမ်းနည်းခြင်းပင် ဖြစ်လေ၏။

ယခုတော့ အရာအားလုံးက ပြန်လည်၍ အခြေတည်ကာ ငြိမ်သက်သွားပြန်သည်။ ရှီးမာသားတို့ ဖြစ်စေ၊ မင်အင်ပါယာသားတို့ ဖြစ်စေ နှစ်ဖက်စလုံး၏ အပူများက ခေတ္တတော့ ငြိမ်းအေး၍ သွားကြသည်။ အကယ်၍ မင်အင်ပါယာသည်သာ ထာဝရ အိပ်စက်များမည် ဆိုပါက တော်ဝင်ကြင်ယာတော်သည် ရှီးမာအင်ပါယာ ပြည်ကြီးကို မီးလောင်တိုက် သွင်းပစ်ဖို့ပင် ဝန်မလေး​ကြောင်း သူတို့သိသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now