Vol ; 2 Chapter (48)

781 65 1
                                    

(unicode)

Chapter - 48

ကောင်းကင် အင်ပါယာ ပြက္ခဒိန်၏ နှစ်ပေါင်း တစ်ရာ ပြည့်သောနေ့။ တစ်နည်းအားဖြင့် မင်အင်ပါယာ တည်ထောင်ခြင်း နှစ်ပေါင်း တစ်ရာ ပြည့်မြောက်သည့်နေ့။ ထိုနေ့က အင်ပါယာနယ်မြေအတွင်း လူအားလုံးက ကောင်းကင်ထက်၌ အနီရောင် မီးပုံများကို လွှတ်တင်၍ အင်ပါယာအတွက် ဆုတောင်းပွဲ ပြုလုပ်ကြသည်။ ထို့အတူ နတ်ဆရာသည်လည်း ဟောကိန်းတစ်ခု ထုတ်ခဲ့၏။

မင်အင်ပါယာ၏ တော်ဝင်နတ်ဆရာသည် ယခင် လျောင်ခေတ် မင်းကြီးကတည်းက ကိုးကွယ်ခဲ့သည့် နတ်ဆရာဖြစ်သည်။ ထို့အပြင် သူ၏ ဟောကိန်းတိုင်းသည်လည်း အမှားမရှိဘဲ မှန်ကန်ခဲ့သည်။ အထူးသဖြင့် အင်ပါယာ၏ ပြန်လည်၍ ရှင်ပြန်ထမြောက်ခြင်း ဟောကိန်းပင် ဖြစ်လေ၏။

ယခု နတ်ဆရာသည် မင်အင်ပါယာအတွက် ဟောကိန်းတစ်ခု ထုတ်ခဲ့သည်။ ထိုဟောကိန်းက အင်ပါယာ၏ အသက်နှင့် ဆက်စပ်နေသည်။ ထိုဟောကိန်းသည် အင်ပါယာသည် တော်ဝင်မိဖုရားအတွက်နှင့် ကိုယ်စား သေဆုံးလိမ့်မည် ဟူ၍...။

အင်ပါယာမင်သည် လျောင်ခေတ်၏ ရဲရင့်သော စစ်သည်တစ်ဦး ဖြစ်သည်။ လျောင်ခေတ်၏ မင်းကြီး နာမကျန်းဖြစ်၍ လျောင်ပြည်နယ် ပျက်သုဥ်းဖို့အရေး ကြုံလာချိန်တွင် သူက လျောင်ပြည်ကြီးကို ဆက်ခံ၍ ဆယ်နှစ်အတွင်း အင်ပါယာကို ထူထောင်ခဲ့သူလည်း ဖြစ်သည်။ မင်အင်ပါယာ နန်းတက်ချိန်တွင် လျောင်ပြည်သူ ပြည်သားတို့က ကန့်ကွက်ချင်ကြသော်လည်း သူ၏လုပ်ရပ်က လျောင်သားတို့၏ မလိုလားမှုများကို ရပ်တန့်စေခဲ့သည်။

ထိုစဥ်မှစ၍ လျောင်သားတို့၏ စိတ်အစဥ်တွင် အင်ပါယာ၏ ရုပ်လုံးက ပီပြင်လာခဲ့သည်။ ယခု နတ်ဆရာ၏ ဟောကိန်းကို ကြားကြသည့်အခါ အားလုံးသော လျောင်ပြည်သူ ပြည်သားများက တစ်ညီတစ်ညွတ်တည်း ဤသို့သော ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အင်ပါယာမြို့တော်၏ ညချမ်းအချိန်အခါက ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်လျက် ရှိ၏။ ကြယ်ကလေးများက ဟိုတစ်စသည်တစ်စသာ လင်းချင်းနေပြီ လမင်းသည် ဆုံးစမြုတ်စ ပျောက်ဆုံးနေသည်။ လမ်းမထက်တွင် မှိန်ပျသော အလင်းရောင်သာ ကျန်ရှိနေပြီး လူသူမသဲကွဲသည့် အခြေအနေ၌ ရှိနေ၏။

The Resurrected Emperor (Complete - Bl)Where stories live. Discover now