Vol ; 1 Chapter (8)

2.3K 226 0
                                    

(Uni Code)

Chapter - 8

ရှန်ဖေးက ကောင်းနိုင်ငံ၏ အထူးပြုခြင်း ခံရသော ဧကရာဇ်ဗိမ္မာန်ကို သူ၏ နားနေဆောင်အဖြစ် ပြုလုပ်လိုက်သည်။ ထိုအရာက အဆုံးစွန်အထိ မောက်မာပြခြင်း ဖြစ်သော်လည်း ဒေသကိုးခုကို အုပ်ချုပ်သည့် အင်ပါယာတစ်ပါး အနေဖြင့် သူက ထိုကဲ့သို့သော မောက်မာနိုင်စွမ်း ရှိသည်။

ယခု ရှန်ဖေး ရောက်ရှိနေသည့် ကမ္ဘာကြီးက အဆုံးမဲ့သော ကမ္ဘာကြီး ဖြစ်သည်။ တစ်ဖက်ကမ်းမှ လှမ်းကြည့်လျှင် အခြယး တစ်ဖက်ကမ်းကို လှမ်းမမြင်နိုင်သော သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော ကမ္ဘာကြီးဖြစ်သည်။ ဤကမ္ဘာတွင် နိုင်ငံငယ်ပေါင်း ဘီလီယံနှင့်ချီအောင် ရှိပြီး မြို့ငယ်များက ထရီလီယံမျှ ရှိသည်။ 

အင်ပါယာနိုင်ငံများက ထောင်သောင်းနှင့်ချီအောင်ရှိပြီး အင်ပါရီယာနိုင်ငံကတော့ ရာနှင့်ချီအောင် ရှိသည်။ အဆုံးစွန်သော အုပ်ချုပ်မှု အာဏာသည် အင်ပါရီယာ နိုင်ငံတစ်ခု၏ အင်ပါရီယာတစ်ပါး၌သာ လက်ဝယ်ပိုင်သည်။ သူက အင်ပါယာ တစ်ပါးဖြစ်သော်လည်း အင်ပါရီယာတစ်ပါးသည် သူ့ကဲ့သို့သော အင်ပါယာ သောင်းကျော်ကို အုပ်ချုပ်နေသည့် သူတစ်​ယောက်ဖြစ်သည်။ 

သူ၏ ရည်ရွယ်ချက်က တစ်နေ့ကျလျှင် သူက သည်အင်ပါယာနိုင်ငံကို စွန့်ခွာ၍ အင်ပါရီယာ နိုင်ငံတစ်ခုသို့ လည်ပတ် ကြည့်ချင်ခြင်းပင် ဖြစ်သည်။ ပြောလိုသည့် အရာက သူသည်လည်း အင်ပါရီယာ တစ်ပါးဖြစ်သည်အထိ နိုင်ငံပေါင်းများစွာကို သိမ်းပိုက်မည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။

သို့သော် ထိုအရာက ရှန်ဖေးအတွက် အိပ်မက်တစ်ခုကို နေ့ခင်း​ကြောင်တောင် ထိုင်မက်နေခြင်းမျှသာ ဖြစ်၏။ တစ်လဟူသောအချိန် ကုန်လွန်သွားသည့်အခါ ရှန်ဖေးက သူ၏ တည်ရှိမှုကို သူလက်ခံသွားပြီ ဖြစ်သည်။

ယခုသူသည် အနာဂါတ်ကမ္ဘာမှ နောက်ဆုံးနှစ် ကျောင်းသားလေး ရှောင်ရှန်ဖေး မဟုတ်တော့ပေ။ ယခုသူက နိုင်ငံပေါင်း များစွာနှင့် အဆင့်မြင့်နိုင်ငံ သုံးခုကို အုပ်ချုပ်နေရသည့် အင်ပါယာတစ်ပါး ဖြစ်သည်။ ထို့နောက်တွင် သူက ဤအင်ပါယာနိုင်ငံမှ မထွက်ခွာမချင်း ရှောင်ရှန်ဖေးဟူသည့် အမည်ကို မသုံးဖို့အတွက် ဆုံးဖြတ် ထားလိုက်သည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now