Vol ; 1 Chapter (10)

2.1K 202 5
                                    

(Uni Code)

Chapter - 10

ရှောင်ဝမ်မေ့၏ မျက်လုံးတို့က အင်ပါယာဆီသို့ ကြောက်ရွံ့မှု ကင်းစွာဖြင့် ငေးကြည့်နေသည်။ ထို မျက်လုံးတို့က စူးရဲလွန်းပြီး ရဲတင်းကာဖြင့်  လွန်စွာ စော်ကားမှုကို ပြနေသည်။ သို့သော် ယခု အင်ပါယာက ထိုအရာကို လျစ်လျူရှူ့ထားပုံ ပေါ်သည်။ ဟွားနှင့်မုန့်က ဝမ်မေ့ကိုတစ်လှည့် အင်ပါယာအား တစ်လှည့် ကြည့်လိုက်သည်။

ဝမ်မေ့၏ စိတ်ထဲ၌ အတွေးတစ်ခု ဝင်ရောက်လာသည်။ အင်ပါယာ၏ မျက်ဝန်းတို့က သူ့အပေါ်၌ ခံစားသက်ဝင်မှု အနည်းငယ် ရှိနေသည်ဟု သူခံစားရသည်။ ထို့အတူ သူ၏ ရင်တွင်း၌လည်း အင်ပါယာ၏ အပေါ်၌ အမျိုးအမည်မသိသော ခံစားမှုတစ်ခု ဖြစ်တည်နေကြောင်း သူခန့်မှန်းမိသည်။

ထိုအချိန်တွင် ဝမ်မေ့၏ စိတ်ထဲ၌ ကြီးမားလွန်းသော အတွေးတစ်ခု ဝင်ရောက်လာသည်။ အကယ်၍ သူကသာ အင်ပါယာ၏ တော်ဝင် ကြင်ယာတော်တစ်ပါး ဖြစ်လာခဲ့လျှင်...

" မေ့အာ... မင်းရဲ့ ခေါင်းကို ငုံ့လိုက်စမ်း၊ အင်ပါယာကို မရိုမသေ မပြုနဲ့ "

ထိုစဥ် မျိုးနွယ်စုခေါင်းဆောင်က အေးစက်နေသည့် အခြေအနေကို ဝင်ဟန့်လိုက်သည်။ ရှန်ဖေးသည် ဝမ်မေ့အားကြည့်ရင်း ပြုံးလိုက်သည်။ ထို့နောက်...

" ရှောင်ဝမ်မေ့ မင်းက ဒီအင်ပါယာနဲ့အတူ မြို့တော်ကို လိုက်ခဲ့ဖို့ ဆန္ဒရှိလား "

အင်ပါယာ၏ စကားသံက တိတ်ဆိတ်နေသည့် လေထုကို အေးခဲသွားစေသည်။ လူအားလုံးက အသက်ရှူကျပ်ဖွယ် အေးစက်မှုနှင့် ကျပ်သိပ်မှုကို ခံစားလိုက်ရသည်။ အားလုံး၏ မျက်ဝန်းတို့က အင်ပါယာအား အံ့သြတကြီး မော့ကြည့်လိုက်ကြသည်။ အထူးသဖြင့် အင်ပါယာစစ်တပ်မှ စစ်သေနာပတိ လုံရှင်း၏ မျက်လုံးတို့က အင်ပါယာအပေါ်သို့ ကျရောက်သွားသည်။

အင်ပါယာက ဘယ်တုန်းက ဤကဲ့သို့သော လူတစ်ယောက် အပေါ်၌ ရင်းနှီးစွာ ပြောဖူးလို့လဲ။ ဒါက သူနားကြားမှားနေခြင်းများ ဖြစ်နိုင်လား။

သို့သော်လည်း လုံရှင်းက ရှောင်ဝမ်မေ့၏ မျက်နှာကို မြင်လိုက်သည့်အခါ သူ၏ မေးခွန်းအတွက် အဖြေရသွားသည်။ ထိုကောလေးက သူမြင်ဖူးသမျှ ထဲတွင် ချောမောလွန်းပြီး စကားဖြင့်ပင် ဖော်မပြနိုင်သည့် ရောင်ဝါတစ်မျိုး ရှိနေကြောင်းကို သူက သတိထားမိလိုက်လေသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now