Vol ; 1 Chapter (22)

1.1K 107 1
                                    

(Unicode)

Chapter - 22

ကောမျိုးနွယ်စုများ ပုန်းကွယ်နေထိုင်ရာ တောစပ်ကိုရောက်တော့ ယခင်ကကဲ့သို့ သူတို့အား တားဆီးသူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိကြတော့ပေ။ ထိုအရာက သူသည် မင်အင်ပါယာ၏ အင်ပါယာတစ်ပါး ဖြစ်သည်ကို သိရှိသွားသောကြောင့်လည်း ဖြစ်နိုင်သကဲ့သို့၊ ကောမျိုးနွယ်စုက အခြားသော မူမမှန်သည့် အခြေ အနေတစ်ခုသို့ ဆိုက်ရောက် နေသောကြောင့်လည်း ဖြစ်နိုင်လေ၏။

အားလုံးက ထူးခြားမှုကို သတိမထားမိသော်ငြားလည်း ဟွားဟွားကတော့ ထိုအခြေ အနေကို ရိပ်ဖမ်း မိလိုက်သည့်အတွက် သူ၏ မျက်နှာက ပျက်ယွင်းနေသည်။ သူက ကောမျိူးနွယ်စု အတွင်းသို့ တိုက်ရိုက် ဝင်သွားမည်ပြုလေရာ ရှန်ဖေးက သူ၏ လက်ကို အလျှင်အမြန် ဖမ်းဆွဲထားလိုက်ပြီး...

" သတိထား တစ်ခုခု မူမမှန်ဘူးလို့ ခံစားနေရတယ်၊ အတင့်မရဲနဲ့... "

" ဟုတ်ကဲ့ ဟွားဟွားက စိတ်လောမိသွားတယ် ခွင့်လွှတ်ပါအရှင် "

" ရတယ် ကိုယ်နားလည်တယ် မင်းကို ဂရုစိုက်စေချင်ရုံပဲ၊ လာ... ကိုယ့်နောက်ကလိုက်ခဲ့ကြ "

ရှန်ဖေးက လူအားလုံးကို ကြည့်၍ ပြောလိုက်သည်။ ထို့နောက်တွင် သူက မျက်စိနှင့်နားကို လျှင်လျှင်ထားလိုက်ပြီး တောအုပ် အတွင်းသို့ခပ်ဖြေးဖြေး ဝင်ရောက်သွားသည်။

ထမင်းအိုး တစ်အိုးကျက်ခန့် အချိန်မျှ တောအုပ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ရှန်ဖေးက သွေးညှီနံ့ကို ရုတ်တရက် ရရှိလိုက်သည်။ သူ၏ မသိစိတ်အရ ဤနေရာတွင် မကြာသေးခင်က တိုက်ပွဲတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း သူခံစားမိသည်။

သူက အသက်ကို ဖြည်းညင်းစွာ ရှူလိုက်ပြီး သူ့အား သိချင်စိတ်များဖြင့် ကြည့်လာသည့် ဟွားဟွားကို အသာကြည့်၍...

" ကောမျိုးနွယ်စုမှာ တိုက်ပွဲတစ်ခု ဖြစ်ပျက်ခဲ့တယ် ထင်တယ်၊ ဘယ်သူကများ ဒီလောက်အထိ အတင့်ရဲရတယလဲ "

ရှန်ဖေးက ဒေါသတကြီး ရေရွတ်၍ ပြောလိုက်သည်။ ဟုတ်သည်။ တိုင်းပြည်၊ နိုင်ငံငယ်များစွာကို အုပ်ချုပ်နေသည့် အင်ပါယာ၏ အမိန့်ကို လွန်ဆန်ရဲသူက မည်သူများ ဖြစ်မည်နည်း။ သာမန် လူတစ်ယောက်က ဤသို့သော အမှုကို ကျူးလွန်ရဲလိမ့်မည် မဟုတ်ချေ။

The Resurrected Emperor (Complete - Bl)Where stories live. Discover now