Vol ; 1 Chapter (29)

1.3K 102 0
                                    

(unicode)

Chapter - 29

ရုတ်တရက် အခြေအနေတွေက ကစဥ့်ကလျားဖြစ်၍ သွားသည်။ အင်ပါယာ၏ ကြီးမြတ်လှသော မင်္ဂလာ အခမ်းအနားပွဲက ကြင်ယာတော်နှစ်ပါး၏ တော်ဝင်ဖခင် ကော မျိုးနွယ်စုခေါင်းဆောင်၏ နာရေး အခမ်းအနားပွဲ အဖြစ်ရုတ်ချည်း ပြောင်းလဲ၍ သွားရှာ၏။ ဤသို့နှင့်တော်ဝင် မင်္ဂလာပွဲက သည်ပုံစံအတိုင်း ပျက်၍ သွားရှာလေသည်။

အင်ပါယာသည် တော်ဝင် ပလ္လင်ထက်တွင်ဒေါသတကြီး ထိုင်နေသည်။ သူ့မျက်နှာကသုန်မှုန်နေပြီး မည်သူ့ကိုမျှ စကားမပြောဘဲတိတ်ဆိတ်လျက် ရှိသည်။အင်ပါယာ၏ တိတ်ဆိတ်မှုက ပလ္လင်အောက်ခြေရှိ အမှုထမ်းများကို ကြောက်ရွံ့စိတ် ပိုတိုးသွားစေသည်။မှန်သည်။ မင်အင်ပါယာ၏ တော်ဝင်မင်းဆက်တစ်လျှောက်လုံးတွင် အင်ပါယာ မင်ထျန်းလော့က ယခုမျှလောက်အထိ စိတ်ဆိုးဒေါသထွက်နေသည်ကို သူတို့အားလုံးက တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခဲ့ခြင်းမရှိပါချေ။

ရှန်ဖေးက ခါးကြောကို ဆန့်လိုက်ပြီး သက်ပြင်း ချလိုက်သည်။ ထို့နောက်တွင် သူ၏ ပလ္လင်ခြေရင်း၌ ရှိနေသည့် စစ်သေနာပတိချုပ်ကျောက်လုံရှင်းအား ကြည့်လိုက်ပြီး...

" ကျောက်လုံရှင်း အပြစ်သားတွေကို ဒီအင်ပါယာရဲ့ ရှေ့မှောက်ကို ခေါ်ထုတ်ခဲ့လိုက် "

" အမိန့်အတိုင်းပါ အရှင် "

ကျောက်လုံရှင်းက ချက်ချင်းဆိုသလိုပင် ဦးညွှတ်၍ ညီလာခံထဲမှ ထွက်ခွာသွားသည်။ သူထွက်သွားပြီးနောက် မိနစ်အနည်းငယ် အကြာတွင် တော်ဝင် အချုပ် ထောင်၏ ခေါင်းဆောင်နှင့်အတူ ပြန်လည် ရောက်ရှိလာပြီး အင်ပါယာ၏ ရှေ့၌ အပြစ်သားများကို လက်ပြန်ကြိုးတုတ်၍ ထိုင်ခိုင်းလိုက်၏။

ပလ္လင် အောက်ခြေတွင် ရှိနေသူက ခုနစ်ယောက်ဖြစ်သည်။ ဝမ်မျိုးနွယ်သား သုံးယောက်နှင့်ကောင်းနိုင်ငံမှ အပြစ်သား လေးယောက်။ ရှန်ဖေးက ထိုလူများကို တစ်ချက်သာ ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်သည်။ ထို့နောက် ပလ္လင်ထက်မှထကာ လှေကားအတိုင်း တစ်လှမ်းခြင်းဆင်း၍ လာပြီး ကျောက်လုံရှင်း၏ ခါး၌ ချိတ်ဆွဲထားသည့် ဓားကို ရုတ်တရက် ဆွဲဖြုတ်လိုက်ပြီးနောက်...

The Resurrected Emperor (Complete - Bl)Where stories live. Discover now