Vol ; 1 Chapter (25)

1.1K 104 1
                                    

(Unicode)

Chapter - 25

မင်အင်ပါယာ၏ တော်ဝင်နန်းတော် အတွင်း၌ ယနေ့တွင် အထူး တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။ အင်ပါယာသည် သူ၏ ဥယာဥ်ထဲအနားယူနေပြီး ပြင်ပမှ အရာအားလုံးကို လျစ်လျူရှူ့၍ထားသည်။ တော်ဝင်ဥယာဥ်၏ အပြင်ဘက်တွင်တော့ မင်အင်ပါယာ၏ အဓိကပုဂ္ဂိုလ်များဖြစ်သော အမတ်ချုပ်သုံးဦးက ငြိမ်သက်စွာဖြင့် အင်ပါယာထွက်လာမည့်အချိန်ကို စောင့်စား၍ နေကြလေ၏။

" အရှင် အပြင်ဘက်မှာ အမတ်ချုပ် သုံးဦးက အရှင့်ကို စောင့်နေတာ သုံးရက်ရှိပါပြီ၊ အရှင် ထွက်တွေ့ဖို့ ဆန္ဒရှိပါသလား "

ဟွားဟွား၏ အသံကို ကြားသည့်အခါ သူကအပြင်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင် သူက ထိုအကြည့်ကိုပြန်လည်၍ လွှဲလိုက်ပြီး မသိသလိုသာ ပြုမူလိုက်သည်။ ထို့အတွက်ကြောင့် ဟွားဟွားက အင်ပါယာအား ဆက်လက် တိုက်တွန်းခြင်း မပြုတော့ပေ။အကယ်၍သာ အင်ပါယာက ထွက်တွေ့ဖို့ ဆန္ဒရှိပါက ထွက်တွေ့လိမ့်မည်သာ ဖြစ်လေသည်။

နောက်ထပ် တစ်ရက်က လျှင်စွာ ကုန်ဆုံးသွားသည်။ သို့သော်လည်း အင်ပါယာကတော့ ထိုနေရာမှ မထသေးပေ။ သူက ထိုနေရာ၌သာ အမြဲတစေ ရှိနေတော့မည့်ဟန်ရှိပြီး အရာအားလုံးကို လျစ်လျူရှု့လိုက်တော့မည့် သဘောရှိ၏။

" ဟွားဟွား အပြင်ဘက်က အမတ် အိုကြီးတွေကို အထဲ ခေါ်ခဲ့လိုက်၊ သူတို့က ဘာကိစ္စများ ရှိလို့လဲမသိဘူး "

ဟွားဟွားက အင်ပါယာအား ဦးညွှတ်၍ ထွက်ခွာသွားသည်။ သူပြန်ဝင်လာသည့်အခါ အမတ်သုံးဦးက သူ့နောက်မှ လိုက်ပါလာသည်။ သို့ပေမဲ့ သူတို့၏ ခေါင်းတွေကိုတော့ ငုံ့ထားပြီးမျက်လုံးတို့က မြေပြင်သို့သာ တစိုက်မတ်မတ်  စိုက်ကြည့်၍ နေကြလေ၏။

" ဘယ်သူက စပြောမလဲ... "

သူက အမတ်ချုပ် သုံးဦးကိုကြည့်၍ ပြောလိုက်သည်။ သူ၏ အသံက အေးစက်၍ နေသည်။ ထိုအသံကြောင့်ပင် အမတ်ချုပ် သုံးဦး၏ ခန္ဓာကိုယ်က တုန်ယင်၍ သွားသည်။ ရှေးဦးစွာရှင်းအမတ်ချုပ်က ရှေ့သို့ တစ်လှမ်းတိုးကာ ဦးညွှတ်လိုက်ပြီး...

The Resurrected Emperor (Complete - Bl)Where stories live. Discover now