အခန်း ၁.၂

6.2K 756 49
                                    

အခန်း - ၁.၂

သူကိုယ်တိုင် အထင်မှားသည်လား မသိပေမယ့် အခေါင်းတလား၏ ပတ်ပတ်လည်မှာ အေးသည်ထက် အေးလာသည်ဟု ကျန်းလော့ ခံစားနေရသည်။၊

သူ စိတ်ထင်တာပဲနေမှာပါ။

ချီယုံက မကောင်းဆိုးဝါးဝိညာဉ်အဖြစ် ပြောင်းသွားပြီးတော့ အခု ပူဆွေးခန်းမ ရှိနေတာလဲ ဖြစ်နိုင်သည်ပင်။

သူ့ကိုယ်သူ ပြန်ခြောက် နေမိတာကြောင့် သူ့ဘေးနားက လေထုက ချောက်ခြားဖွယ် ဖြစ်လာပြီးတော့ နောက်ကျောမလုံတော့ တာလည်းဖြစ်နိုင်သည်။

ချီယုံရဲ့ ကာရိုက်တာကို ကျန်းလော့ တကယ်သဘောကျသည် သို့သော် ချီယုံ လက်စားပြန်ချေမည့်သူက သူဖြစ်မနေဖို့က အဓိကအကြောင်းရင်းပင်။

သူ မသေချင်သေးဘူး။

ကျန်းလော့က ဥယျာဉ်ဗိသုကာပညာရှင် ဖြစ်သည်။ သူ ဒီကို ဝိညာဉ်ကူးပြောင်း မလာခင်တုန်းက မြို့တော်ဆိုင်ရာပရောဂျက် တစ်ခုမှာ အလုပ်လုပ်နေခဲ့တာဖြစ်သည်။ အလုပ်အရမ်းများသောကြောင့် သူ "နတ်ဆိုး"စာအုပ်ကို အပြီးထိမဖတ်ရသေး ပေမယ့်လည်း ... ချီယုံရဲ့ တကယ့်အစစ် အမှန်စရိုက်ကို ကျန်းလော့ ကောင်းကောင်း ကြီးသိသည်။

ချီယုံက အရူးတစ်ယောက်ပင်။ စိတ်ဝင် စားစရာမကောင်းသော ဖြစ်တည်မှုနှင့် ရင်ဆိုင်ရချိန်မှာ သူ့ရဲ့နည်းလမ်းတွေက ရက်စက်ပြီးတော့ ညှာတာမှုကင်းမဲ့သည်။ ချီယုံရဲ့ လက်ထဲကနေ အသက်ရှင် လျက် လွတ်မြောက်ဖို့ဆိုလျှင် ... သူ့ရဲ့ စိတ်ဝင်စားမှုကို ရအောင် လုပ်ရမှာ ဖြစ်သည်။

မဟုတ်သေးဘူး ... သူ့ရဲ့ မျှော်လင့်ချက် အကုန်လုံးကို ချီယုံ အဲဒီ့အရူးဆီမှာပဲ ပုံထားဖို့မဖြစ်နိုင်ချေ။ ကျန်းလော့ သူ့ကိုယ် သူ အပြစ်ကင်းအောင် လုပ်ဖို့ လိုသေးသည်။ အခုချိန်မှာ သူ့ကိုယ်သူ မကာကွယ် နိုင်သေးချေ ထို့ကြောင့် တခြားသူတွေရဲ့ ကာကွယ်မှုကိုပဲ သူ အသုံးချရဦးမှာပင်။

အသက်ရှင်နေတဲ့သူတွေကို သူ့ ဘက်ပါလာ အောင်လုပ်ရမည်။ ချီယုံ သူ့ကို သတ်ဖို့ ကြိုးစားရင်တောင်မှပဲ လူတိုင်းက ချီယုံကို ကိုင်တွယ်ဖြေရှင်းကြ ပြီးတော့ သူ့ကို ကာကွယ်ပေးကြလိမ့် မည်။ ထိုဟာက အန္တရာယ်အကင်းဆုံး ရွေးချယ်မှုပင်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now