အခန်း ၄.၂

3.2K 571 19
                                    

အခန်း ၄.၂

လုယုံရိ မျက်မှောင်ကြုတ်လိုက်သည်။ သူ မိန်းမအိုကြီးကို ကျေးဇူးတင်လိုက်ပြီး နောက် အစားအသောက်ကို အခန်းထဲသို့ သယ်သွားလိုက်သည် ထို့နောက် ကျန်းလော့နှင့် ယယ်ရွှင်တို့ကို သူနဲ့ မိန်းမအိုကြီး ပြောခဲ့တဲ့စကားတွေကို ပြန်ပြောပြလိုက်သည်။

ယယ်ရွှင် အချိန်အတော်ကြာ တွေးတော နေပြီးမှ "လွန်ခဲ့တဲ့တစ်လ ... ကောင်မလေးသုံးယောက် ပျောက်သွား ခဲ့တာကလည်း လွန်ခဲ့တဲ့တစ်လပဲ"

လုယုံရိ ပြောလိုက်သည်။ "ဒါက တိုက်ဆိုင်မှုဖြစ်ဖို့ရာ အတွက်တော့ တော်တော်လေး များလွန်းသွားပြီ"

ယယ်ရွှင် နောက်ဆုံးဆုံးဖြတ်ချက်ကို ချလိုက်သည်။ "သူဌေးရဲ့မိန်းမကို မနက်ဖြန် သွားတွေ့ကြတာပေါ့"

အဖွားအိုက ခေါက်ဆွဲတွေ ပို့လာတာ ဖြစ်သည်။ ပန်းကန်ထဲမှာ ကြက်ဥပြုတ် နှစ်လုံးနှင့် အနံ့မွှေးကာ ပူပြီးတော့ ချဉ်သည့်အရသာရှိသော အာလူး နုပ်နုပ်စဉ်း‌လေးတွေ တောင်မှပါသေး သည်။ ကျန်းလော့ ဗိုက်မဆာပေမယ့် လည်း စားချင်စိတ်ဖြစ်မိသည်။ သူ အရည်ကျဲပြီး အနံ့မွှေးသော ခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို စားလိုက် သည်။

"သူတို့က အာလူးနုပ်နုပ်စည်းလေးတွေ ကိုတောင်မှ အရသာရှိရှိ ကြော်ထားသေး တယ်"လုယုံရိရဲ့ မကျေနပ်ချက်တွေက မြိန်ရေယှက်ရေ စားပြီးနောက်မှာ အလုံး အထည်‌ ပေါ်လာခဲ့သည်။

"ငါတို့ကျောင်းက ကန်တင်းမှာ စားနေရတဲ့ဟာကြီးက‌ ဘာကြီးများလဲ"

"ငါတို့ကျောင်းက ဆင်းရဲတယ်လေ"ယယ်ရွှင် ပြောလိုက်သည် "မင်းက ပိုက်ဆံ အရမ်းချမ်းသာတာပဲဟာကို ... ဘာလို့ မင်းမိသားစုကို ကန်တင်းတစ်ခု လောက် ငါတို့‌ ကျောင်းကို မလှူခိုင်းလိုက် တာလဲ"

"ငါက ချမ်းသာတယ်"လုယုံရိ သူတို့ကို ဘာမှနားမလည်သောပုံနှင့် မော့ကြည့် လာခဲ့ပြီး သူ့လက်မှာဝတ်ထားခဲ့သော အနည်းဆုံးသုညခြောက်လုံးလောက် ရှိသည့် နာမည်ကြီးနာရီကို ဆတ်ခနဲ လှုပ်ရှားလိုက်သည်။

"ငါ မသိဘူးရော် ... ငါက ပိုက်ဆံကို သိပ်စိတ်မဝင်စား‌တော့"

ယယ်ရွှင် "..."

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now