အခန်း ၄၀.၂

2.7K 527 2
                                    

အခန်း ၄၀.၂

ကျိုးကျုံးချိုးက သက်ပြင်းချလိုက်သည်။ "ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက ဒီရွှီယန်လို့ခေါ်တဲ့တစ်ယောက်က ငါတို့ကို တော်တော်လေး သတိထားခဲ့တာ"

ကျန်းလော့က မျက်နှာတည်နှင့်ပင် ပြောလိုက်သည်။ "ဒါက ကောင်းတာလုပ်လို့ ကောင်းတာပြန်ရတာပဲ"

သူတို့အခန်းထဲဝင်သွားလိုက်ကြပြီး အထုတ်အပိုးတွေကိုချကာ သိပ်နောက်မကျသေးခင်း ရှန်းတုချွင်ကို အမြန်လှည့်ပတ်ကြည့်လိုက်ကြသည်။

ရှန်းတုချွင်က သူတို့ထင်ထားတာထက်ပင် ပိုပြီးတော့ ကျယ်နေသေးသည်။ တောင်အမြင့်နှစ်လုံးက ရှန်းတုချွန်ကို အလယ်မှာထားပြီး ဝန်းရံထားခဲ့သည်။ ရှန်းတုချွင်၏ဖွဲ့စည်းပုံကို ဒီနေ့သိဖို့ရာအတွက် သူတို့အဖွဲ့ငါးဖွဲ့ ခွဲလိုက်ကြသည်။

လုယုံရိနှင့် အတူတူသွားရင်း ရှန်းတုချွင်ကရွာသားများကို ကျန်းလော့ လမ်းတစ်လျှောက်တွေ့ခဲ့ရသည်။ ရွာသားများက တခြားရွာက ရွာသားများနှင့် ဘာကွာခြားချက်မှမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က အတော်လေးကိုပျော်ရွှင်နေပုံပေါက်ကာ လူတစ်ဝက်နီးပါးလောက်က သူတို့၏မျက်နှာပေါ်မှာ အပြုံးများရှိနေခဲ့ကြသည်။

အပေါ်ယံကြည့်လိုက်ပါက အစိမ်းရောင်တောင်တန်းနှင့်အင်းအိုင်များ၊ သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များဖြင့် ဤနေရာက ကမ္ဘာပေါ်ရှိ နတ်ဘုံနတ်နန်းလိုပင်။

လုယုံရိက ပြောလာခဲ့သည်။ "ဒီနေရာမှာနေကြတဲ့သူတွေက တော်တော်လေး အဆင်ပြေကြပုံပဲ"

သူတို့‌စကားပြောရင်းဖြင့် ရွာ၏အစွန်ဖျားကို ရောက်လာခဲ့ကြသည်။ ပေါင်းပင်များက ဘေးနှစ်ဖက်မှာ ထူထဲစွာပေါက်ရောက်နေကြ၏။ ကျန်းလော့က ရုတ်တရက်ပြောလိုက်၏။ "တစ်ခုခုတော့မှားနေပြီ"

လုယုံရိက မေးလိုက်သည်။ "ဘာမှားနေလို့လဲ"

ကျန်းလော့က ပေါင်းပင်များကြားမှာ ရှိနေသော ဟင်းသီးဟင်းရွက်ခင်းများကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်၏။ "ဒီလယ်ကွင်းတွေကို ကြည့်လိုက်စမ်းပါ ... အသီးအနှံတွေက အကုန်ညိုးနွမ်းကုန်ပြီ ... သူတို့တွေ ဂရုမစိုက်ဘဲပစ်ထားတာ အတော်ကြာနေပြီဆိုတာ သိသာတယ်"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now