အခန်း ၁၂.၂

2.9K 566 20
                                    

အခန်း ၁၂.၂

သို့သော် သူ ဘားဆီရောက်သွားချိန်မှာတော့ မူး‌ရူးနေကြသည့် လူတစ်သိုက်ကို သူ ဘားကောင်တာမှာ တွေ့လိုက်ရသည်။ ကောကျူက ဘီယာပုလင်းကိုပိုက်ပြီး တောက်ဓမ္မတွေကို ရွတ်ဆိုနေခဲ့သည်။ ကျန်းလော့ ရောက်လာတာကို မြင်ချိန်မှာ သူ လေချဉ်တက်ကာ ဗလုံးဗ‌‌ထွေးနှင့် မေးလာခဲ့သည်။

"ကျန်းလော့ မင်း ဘယ်ရောက်နေတာ လဲ ... ငါတို့ မင်းကို ရှာမတွေ့ဘူး"

ကျန်းလော့ "..... မင်းတို့ကောင်တွေ ဘယ်လိုဖြစ်လို့ ဒီလောက်တောင်သောက် ထားကြတာလဲ"

ကောကျူက သူ့ပြောစကားတွေကို ကြားနိုင်စွမ်းမရှိတော့ဘဲ ပါးစပ်ကနေ သူ့ကိုယ်သူ ဗလုံးဗထွေးတွေပြောကာ ဘီယာပုလင်းကို ပိုက်ပြီး ဘားကောင်တာ ပေါ် ခေါင်းတင်ကာ အိပ်ပျော်သွားခဲ့ သည်။

ချွေးတလုံးလုံးနှင့် အပြင်ကနေ ပြန်ရောက်လာခဲ့သော ကျိုးကျုံးချိုး တစ်ယောက် ကျန်းလော့ကို တွေ့ချိန်မှာ စိတ်သက်သာရာ ရသွားခဲ့ရသည်။

"နင် မတ်တပ်ရပ်နိုင်သေးလို့ ဘုရား သခင်ကို တကယ် ကျေးဇူးတင်ပါတယ်။ ငါ လူသုံးယောက်ကို ဟိုတယ်ပို့ပေးဖို့ အတွက် ကားထဲထည့်ပေးပြီးပြီ ... ကျန်းလော့ ... နင် ငါ့ကို ကူတွဲပေးပါအုံး"

ကျန်းလော့ "ကောင်းပြီလေ"

သူ ကောကျူကိုမကာ သူ့ပုခုံးပေါ် မှီလိုက်ပြီး မတ်တပ်ထရပ်ရင်းနဲ့ အရက် ဖျော်စပ်ပေးသူကို ကြည့်လိုက်သည်။

အရပ်ဖျော်စပ်သူက သူ့ကို ပျုငှာစွာ ပြုံးပြလာပြီး မေးလာခဲ့သည်။

"အကူအညီလိုသေးလား ... ဧည့်သည်"

ကျန်းလော့ ပြုံးကာ "လိုတယ် ... ‌ကျေးဇူးပါပဲ"

အရပ်ဖျော်စပ်သူက ဘားကောင်တာ နောက်နေ ထွက်လာခဲ့ပြီး ကောကျူကို ကူသယ်ပေးကာ ဘားအပြင်ဘက်မှာ အငှားကား ငှားပေးလာခဲ့သည်။

ကျန်းလော့ ထိုအခွင့်အရေးကိုယူပြီး အဆောင်တစ်ရွက်ကို ထုတ်ကာ အရပ် ဖျော်စပ်သူ၏ ကိုယ်ပေါ် ကပ်လိုက်သည်။ သို့သော် သူ မျှော်လင့်ထားခဲ့သလိုပဲ အဆောင်က အစွမ်းမပြခဲ့ချေ။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now