အခန်း ၇.၂

3.3K 587 9
                                    

အခန်း ၇.၂

ကျန်းလော့ ဖုန်းကို ချထားလိုက်ပြီး နောက် ချီယုံအပေါ်ထားသည့် သူ့အချစ် တွေကို မြင်သာအောင် သရုပ်ဆောင်ရင်း နှင့် ဆန်ကုန်မြေလေး သူ‌ဌေးသား တစ်ယောက်ရဲ့ ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည့် ပုံစံကိုလည်း ထင်ရှားအောင် ဘယ်လိုလုပ်ရမလဲဟု တခဏလောက် တွေးတောနေလိုက် သည်။

ယယ်ရွှင် နှင့် လုယုံရိတို့လို မဟုတ်ဘဲ ... အတန်းထဲမှာ ကျန်ရစ်ခဲ့သော ငါးယောက်ထဲက သုံးယောက်မှာ ရင်ဆိုင်ဖို့ မလွယ်ကူချေ။

တစ်ယောက်က တာအိုမိသားစုရဲ့ သား ကောကျူ ဖြစ်ပြီး ကျန်တစ်ယောက်က တော့ ကျောင်းကြီးခြောက်ကျောင်း ထဲက ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်သွယ် လမ်းစဉ်ကို ကျင့်ကြံကြသော မိသားစု၏ သမီးဖြစ်သူ ကျိုးကျုံးချိုး ဖြစ်ကာ နောက်ထပ် တစ်ယောက်တော့ မျက်လုံး တွေက အမြဲတမ်းပြုံးနေခဲ့၍ သူ့ နှလုံးသားကို ခန့်မှန်းဖို့ မဖြစ်နိုင်သော ဝမ်ယမ်လန်ပင်။

တစ်ယောက်က ဝမ်းတွင်းအသိအပေါ် မှီခိုသည်... နောက်တစ်ယောက်က အတွေ့အကြုံပေါ် မှီခိုသည် ... နောက်ထပ် တစ်ယောက်ကကျတော့ လူ‌တွေရဲ့ စိတ်ကိုဖတ်သည်။ သူတို့ထဲက တစ်ယောက်မှ လှည့်စားဖို့အတွက် ကောင်းသည့်သူတွေ မဟုတ်ကြချေ။

ဆယ်မိနစ်ကြာပြီးနောက်မှာတော့ သူတို့ သုံးယောက် ကျောင်းမုခ်ပေါက်ဝသို့ ရောက်လာခဲ့ကြသည်။

သူတို့တွေ ကားပေါ်က ဆင်းဆင်းချင်း မှာပဲ ကျောင်းပေါက်ဝအပြင်ဘက်မှာ ရပ်နေခဲ့သော ကောင်လေးချောချော လေး တစ်ယောက်ကို တွေ့လိုက်ကြရ သည်။

ကောင်ချောလေးက ပေါ့ပေါ့ပါးပါး စတိုင် ရှပ်လက်တိုနှင့် ဘောင်းဘီတိုကို ဝတ်ထားခဲ့ပြီး သူ့ရဲ့ ဖြောင့်စင်းနေသော ခြေထောက်နှစ်ချောင်းက မိန်းကလေး တွေရဲ့ ခြေထောက်ထက်ပင် ပိုပြီးတော့ ဖြူဖွေးနေခဲ့သည်။ ကောင်လေးက လျှာထိုးဦးထုပ်ကို ဆောင်းထားခဲ့ကာ နံရံကိုမှီပြီး သူ့ပတ်ပတ်လည်မှာ ဝိုင်းနေ ခဲ့သော မိန်းကလေးတွေကို ကိုင်တွယ် ဖြေရှင်းနေခဲ့သည်။

လုယုံရိ ‌ထိုကောင်ချောလေးကို မြင်ချိန် မှာ ဆွံ့အသွားမိသည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now