အခန်း ၆၂ Unicode

2.4K 495 13
                                    

အပိုင်း (၆၂) မရပ်နဲ့၊ ငါအရမ်းကြိုက်တယ်လို့

ကျန်းချန်သည် အဆက်အစပ်မရှိသော စကားများကို ပြောနေသော်လည်း ကျန်းလော့ နားလည်သည်။ ကျန်းချန်သည် ကျန်းဖုန်းကို ပြောင်းပြန်အနေအထားနောက်လှည့်ကြည့်ချိန်တွင် ကလေးသရဲသည်လည်း ထိုပုံစံအတိုင်းသူ့ကို ကျန်းဖုန်းခေါင်းနောက်မှ ပြောင်ပြပြီး ကြည့်လိုက်ခြင်းဖြစ်မည်။ ကျန်းလော့သည် ကျန်းချန်ရုတ်တရက်ကြီး သတိလစ်သွားသည်နှင့် ကျန်းလော့သည်

"ကျန်းချန် သတိထားစမ်း၊ တစ်ယောက်ယောက် သူ့ကိုဆေးခန်းပို့ဖို့လုပ်ပါဦး"

လုယုံရိသည် ကျန်းချန်ဆီပြေးသွားပြီး

"ငါလိုက်ပို့လိုက်မယ်"

စီးဝမ်ကွေးသည်လည်း ချက်ချင်းပင် ကျန်းချန်ကို ကျောပိုးလိုက်ပြီး ဆေးခန်းဆီသို့ပြေးသွားသည်။ လက်ထောက်များသည် လမ်းရှင်းလိုက်ပြီး သူတို့လေးယောက်လုံး ဆေးခန်းဆီသို့ ပြေးသွားကြသည်။ ကျန်းချန်ကို အိပ်ရာပေါ်တင်လိုက်ပြီး သူတို့သည် ဒါရိုက်တာနှင့် တွေ့ရန်သွားကြသည်။ ဒါရိုက်တာသည် သူတို့ကိုလက်နှစ်ဖက်ယှက်ပြီး နှုတ်ဆက်လိုက်သည်။ သူသည် စီးဝမ်ကွေးကို မြင်သောအခါ

"ဒီတစ်ယောက်ကလည်း..."

ကျန်းလော့သည် ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောပေ။ ဒါရိုက်တာသည် နားလည်မှုရှိစွာ ဘာမှထပ်မမေးတော့ပေ။ ထို့နောက် စောနက ဗီဒီယိုကို ပြလိုက်သည်။ သုံးဖက်မြင်ဗီဒီယိုကို သေချာအာရုံစိုက်ပြီး ကြည့်သော်လည်း ဗီဒီယိုထဲတွင် လုံးဝရှင်းလင်းနေကာ ကျန်းဖုန်းခြေထောက်နားတွင် မည်သည့် အငွေ့အသက်မှ မတွေ့ရပေ။ ဒါရိုက်တာသည် အနှေးပြကွက်ဖြင့် အစမှပြန်ကြည့်လိုက်သည်။ ထိုသို့ အကြိမ်ပေါင်းများစွာ ကြည့်သော်လည်း ကျန်းဖုန်းခြေထောက်နားတွင် ကလေးကိုမမြင်ပေ။

ဒါရိုက်တာသည် စိတ်ရှုပ်သွားကာ

"ကျန်းချန်များ မှားမြင်လိုက်သလားမသိဘူး"

"ဒါရိုက်တာ ခင်များသူမြင်လိုက်တာ မှန်ဖို့ပဲ မျှော်လင့်သင့်တယ်"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now