အခန်း ၈၂ Unicode

2.3K 505 16
                                    

အပိုင်း (၈၂) 

မိန်းကလေးတစ်ယောက်ရှိတယ်

ဂျင်ဆင်းကလေးလေးကို ပိုက်ပြီး ပြန်လာသည့် လမ်းတွင် ကျန်းလော်သည် ကံကြမ္မာယုံသူအကြောင်း တွေးနေမိသည်။ သူလမ်းလျှောက်နေချိန်တွင် သူ့အင်္ကျီလက်များစိုရွှဲသွားသောကြောင့် အတွေးရပ်သွားသည်။ သူငုံ့ကြည့်လိုက်သောအခါ ဂျင်ဆင်းကလေးလေးသည် သူ့အင်္ကျီလက်ဖြင့် မျက်ရည်များသုတ်နေသည်။ ကလေးလေးသည် သူငိုနေတာကို ကျန်းလော်တွေ့အောင်း တမင်တကာ သုတ်နေသောကြောင့် ကျန်းလော်သည် ပြုံးလိုက်မိသည်။ သူသည် နှလုံးသားမာကျောသောသူဟန်ဆောင်ကာ တမင်သက်သက် မမြင်ချင်ယောင်ဆောင်လိုက်သည်။ ဂျင်ဆင်းကလေးလေးသည် သူ့ကိုအရေးမလုပ်သောအခါ အလွန်စိတ်ညစ်သွားပြီး ကျန်းလော်အင်္ကျီလက်ကို ဆွဲကာ အသံချွဲချွဲလေးနှင့် 

“ကလေးလေးကို လွတ်ပေးလိူ့မရဘူးလားဟင်”

ကျန်းလော်သည် ကြင်နာစွာပြုံးပြလိုက်ပြီး

“မရဘူး”

ဂျင်ဆင်းကလေးလေးသည် ဝမ်းနည်းသွားသော အသံလေးနှင့် 

“ဒါပေမဲ့ ကလေးလေးကို လွတ်မပေးရင် ကလေးလေးကို သူများတွေက စားသွားတော့မှာ”

ကျန်းလော်သည် သနားစရာကောင်းစွာ ပြန်ပြောလိုက်သည်။

“မင်းကိုလွတ်ပေးလိုက်ရင် ငါ့ခြေထောက်တွေ ရိုက်ချိုးခံရမှာကွ”

ဂျင်ဆင်းကလေးလေးသည် အေးခဲသွားပြီး ထိုသို့သော အဖြေမျိုးထက် ‘သူ့ကို  ဘယ်သူမှမစားစေရဘူး’ ဟူသော အဖြေမျိုးမျှော်လင့်နေမှန်း သိသာသည်။ ကျန်းလော်သည် ပြုံးပြလိုက်ပြီး ကလေးလေးကို လက်ဖြင့်တောက်လိုက်ကာ

“ကောင်စုတ်လေး သနားစရာကောင်းချင်ယောင်ဆောင်တာက အလုပ်မဖြစ်ဘူးနော် မင်းအဲ့လို ဟန်ဆောင်ရင် မင်းကိုလွတ်ပေးမှာလို့ ဘယ်သူကများပြောလိုက်တာလဲ”

ကျန်းလော်ထွက်သွားပြီးနောက် ဧည့်ခန်းထဲတွင် ဖုန်းလီသည် အိမ်ရှင်နေရာတွင်ထိုင်နေပြီး ကျန်းလော်၏အတန်းဖော်များကို ကြည့်လိုက်ကာ မထူးခြားသော ပုံစံဖြင့်

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now