အခန်း ၈၅ Unicode

2.2K 416 2
                                    

Unicode

အပိုင်း (၈၅)

The Crown Card and the Chained Card

ဆံပင်အနက်ရောင်နှင့် ဧည့်သည်သည် ကပ္ပတိန်ထံမှ သူလိုချင်သော အဖြေရပြီးနောက် ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ကောကျူဆီသို့ လမ်းပြန်လျှောက်သွားသည်။ သူတို့ ခြေနှစ်လှမ်းလောက် လျှောက်ပြီးနောက် အရပ်သားဝင်‌ပေါက်နားမှ ပွက်ပွက်ညံနေသော အသံများကြားလိုက်ရသည်။ ကျန်းလော်သည် နောက်လှည့်ကြည့်လိုက်ရာ ဝန်ထမ်းတစ်ယောက်သည် အရပ်သားတစ်ယောက်ကို ပြင်းထန်စွာရိုက်လိုက်ပြီး ပင်လယ်ထဲသို့ ပစ်ချလိုက်သည်ကို တွေ့လိုက်ရသည်။ ထိုအရပ်သားသည် ကမ်းခြေဆီသို့ ကူသွားလိုက်သည်။

ဝန်ထမ်းသည် သန်မာပြီး မျက်နှာတစ်ခုလုံးပင် ကြွက်သားများပြည့်နေသည်။ သူသည် ကုန်းပတ်‌ပေါ်တွင် ရပ်နေပြီး လက်ရန်းကိုကိုင်ကာ ထိုဆင်းရဲသောအရပ်သားကို အော်ဟစ်နေသည်၊

"ဘယ်လိုတောင် လက်မှတ်မရှိဘဲ သင်္ဘောပေါ်တက်ရဲရတာလဲကွ ငါမင်းကို ဒီနားမှာထပ်မြင်ရရင် တွေ့တိုင်းသေအောင်ရိုက်သတ်ပစ်မယ်"

ဆင်းရဲသည့်လူသည် ကမ်းခြေပေါ်မှ ကုန်းထလိုက်ပြီး သူ့မျက်နှာသည် သွေးများဖုံးနေကာ စိတ်တိုစွာနှင့် အော်ပြောလိုက်သည်။

"ငါ့လက်မှတ်ကို မင်းပဲဖြဲပစ်လိုက်တာလေ။"

ဝန်ထမ်းသည် နှာမှုတ်လိုက်ပြီး

"မင်းကလိမ်တောင်လိမ်ရဲတယ်"

ဆင်းရဲသည့် ကုန်းပတ်ပေါ်မှ ပစ်ချခံလိုက်ရသည့် လူသည် ကြက်သေသေသွားပြီး စိတ်တိုစွာထွက်သွားသည်။

ကျန်းလော်နောက်မှ ဝန်ထမ်းတစ်ယောက်သည် ကျန်းလော်တို့ကို ပြောလိုက်သည်။

"သူ့နာမည်က ချန်လိတဲ့ ဒီလူက ဒီသင်္ဘောပေါ်က ဒေါသအကြီးဆုံးလူပဲ သူ့မိန်းမနှင့် ကလေးကို ပစ်သွားတာလေ ပြီးတော့လဲ လူဆင်းရဲတွေကိုဆို အမြဲတမ်းအနိုင်ကျင့်သေးတယ် တချိန်လုံးလိမ်ညာနေတတ်တဲ့ ဆန်ကုန်မြေလေးကောင်ပါဗျာ တစ်ခုခုလိုရင် သူ့ကိုမခေါ်တာပဲကောင်းလိမ့်မယ်"

ချန်လိသည် ရေထဲသို့ တံတွေးထွေးချလိုက်ပြီး ကျိန်ဆဲကာ ထွက်သွားသည်။ ကျန်းလော်နှင့်ကောကျူသည် ထိုအဖြစ်အပျက်ပြီးသည်အထိ ကြည့်လိုက်ပြီးမှ နောက်ဘက်ရှိ ဝန်ထမ်းကို နှုတ်ဆက်ပြီး ထွက်သွားကြသည်။ လမ်းတွင် ကောကျူက မေးသည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now