အခန်း ၇၀ Unicode

2.5K 476 3
                                    

အပိုင်း (၇၀) အလုပ်ပြီးပြီ

ကျန်းလော်၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားပြီး လှောင်ပြုံးပြုံးလိုက်ရာ သူ့နှုတ်ခမ်းမှဒဏ်ရာကို ဆွဲဖြဲလိုက်သလိုဖစ်သွားပြီး ရက်စက်စွာ

"ခွေးကိုက်တာ"

ထန်ပိ "..........."

သူသည် မေးပြီးမှ တစ်ခုခုမှားနေသလိုခံစားလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျန်းလော်ကိုယ်ပေါ်တွင် သူ့သခင်၏အနံ့ကို ရလိုက်သောကြောင့်ဖြစ်သည်။ ယခုပြန်တွေးကြည့်မိသောအခါတွင်လည်း သူသည် သခင့်ထံမှ လူစိမ်းအနံ့တစ်ခုရခဲ့သေးသည်။

'သူတို့နှစ်ယောက် တိုက်ခိုက်ကြတာလား'

'သခင့်လက်မောင်းကို ကျန်းလော်က ဖြတ်လိုက်လို့ သခင်က ကျန်းလော်နှုတ်ခမ်းကို ပြန်လုပ်လိုက်တာလား'

'ဒါဆိုခုနက ကျန်းလော်ပြောတဲ့ ခွေးဆိုတာက..........'

ထန်ပိသည် မျက်ခုံးတွန့်သွားပြီး သူတို့ဘာလို့ ဒီလိုအခြေအနေမျိုးအထိ တိုက်ခိုက်လိုက်ကြလဲ စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။ ထန်ပိသည် သူ့ကိုယ်သူ မဖော်ထုတ်မိစေရန် ဘာမှမသိလိုက်သလို ဟန်ဆောင်လိုက်သည်။

'ဘာမှမပြောလို့အဆင်မပြေဘူးထင်တယ်'

ထန်ပိသည် အသံခြောက်ခြောက်ကြီးဖြင့်

"တကယ်ကြီးလား ငါတို့ဆေးရုံမှာ ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ လိုမယ်ထင်တယ်နော်"

ခွေးရူးပြန်ကာကွယ်ဆေးဟူသော စကားလုံးကို သူသည် လူ့လောကကို ရောက်စက ကြားဖူးထားခြင်းဖြစ်သည်။

ကျန်းလော်၏ဒေါသသည် ချက်ချင်းပျောက်ကွယ်သွားပြီး ပြုံးလိုက်ကာ

"ဟုတ်သားပဲ ခွေးကိုက်ပါတယ်ဆိုမှ ခွေးရူးပြန်ကာကွယ်ဆေးထိုးရမှာပေါ့"

ထန်ပိသည် သူ့စိတ်ကဘာလို့ ဒီလောက်အပြောင်းအလဲမြန်လဲ စဉ်းစားနေသည်။ လမ်းတွင် ထန်ပိသည် ကျန်းလော်ကို ကြည့်နေကာ လုံးဝအကြည့်မလွှဲပေ။

'သခင်က ကျန်းလော်ကိုစောင့်ကြည့်ခိုင်းထားတယ်'

ကျန်းလော်က မေးလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now