အခန်း ၆၃ Unicode

2.4K 497 5
                                    

အပိုင်း (၆၃) မင်းငါ့ကိုပေးနိုင်မလား၊ အရင်တံခါးဖွင့်

ထိုအဖြေသည် ချီယုံအတွက် မမျှော်လင့်ထားသောအဖြေဖြစ်ကာ အလွန်အံ့ဩသွားစေသည်။ာ သို့သော် ကျန်းလော့က ဆက်ပြောလာသည်။

"ရိုးရိုးသားသားပြောရရင် ငါဒီဂိမ်းကိုဆက်မဆော့ချင်တော့ဘူး "

ကျန်းလော့သည် ရေစိမ်ကန်တွင် လျော့တိလျော့ရွဲစိမ်နေကာ မီးခြစ်ကို ဆော့နေသည်။ မီးခြစ်တစ်ခါခြစ်လိုက်တိုင်း မီးတောက်များ ထထတောက်လာကာ

"ဒုတိယအနေနဲ့ကျတော့လည်း ငါမင်းပြောမဲ့ လျှို့ဝှက်ချက်ကို အရမ်းကြီး စိတ်မဝင်စားဘူးကွ"

သူသည် လိမ်ပြောလိုက်သည်။ ကျန်းလော့လောက် ဘယ်သူကမှ ချီယုံ၏ လျှို့ဝှက်ချက်ကို သိချင်မှာမဟုတ်ပေ။ ကျန်းလော့တွင် ကြောင်လက်သည်းလေးများရှိပုံရသည်။ ချီယုံ့နှလုံးသားကို ယားကျိကျိဖြစ်အောင်လုပ်မည့် ကြောင်လက်သည်းလေး၊ ကျန်းလော့သည် သူ့မှာသာထိုသို့ လက်သည်းရှိလျှင် မကောင်းဆိုးဝါးကို အရေခွံဆုတ်၍ ထိုမကောင်းဆိုးဝါးသည် လူများထင်နေသော နွေးထွေးကြင်နာတတ်သူမဟုတ်ကြောင်း အလွန်မကောင်းဆိုးဝါးဆန်ပြီး ယုတ်မာကြောင်း ဖော်ထုတ်လိုက်မှာ ဖြစ်သည်။

သို့သော် သူသည် လက်သည်းမရှိသောကြောင်လေးကဲ့သို့ ဟန်ဆောင်ကာ

"ချီယုံ အရင်လက်ဦးတာက ငါနော်၊ ငါဆက်ဆော့ချင်ရင်ဆော့မယ် မဆော့ချင်တော့ရင်လည်း ပြောနေမှာမဟုတ်ဘူး မင်းကဒီလောက် အရေးမပါဘူး အိုကေ"

မကောင်းဆိုးဝါးသည် မျက်ခုံးပင့်လိုက်ပြီး

"အိုး အဲ့လိုတောင်မှကိုး"

ကျန်းလော့က ပြောလိုက်သည်။

"မင်းကငါ့ကိုရှာခိုင်းတယ် ဒါပေမဲ့ မင်းကတစ်ယောက်ထပ်ပိုနေတယ်လေ ခွေးကောင်ရ"

"အား မင်းမိသွားပြီကိုး"

မကောင်းဆိုးဝါးသည် စိတ်မကောင်း ဖြစ်စွာပြောလိုက်သည်။ ကျန်းလော့သည် အေးစက်စွာရယ်လိုက်ပြီး

"မင်းရဲ့ရုပ်သေးကလည်း မင်း ခန္ဓာလုယူပြီး ဝင်နေနေတာကလည်း မင်း .........ဒီဂိမ်းရဲ့ စည်းမျဉ်းကိုက ဒီလိုဆိုရင် ငါမင်းကိုဘယ်လိုမှ ဖမ်းနိုင်မှာမဟုတ်ဘူး မင်းတို့အကုန်လုံးကို ဖမ်းရမယ်ဆိုရင်တော့ ပျော်ပျော်ကြီး ဆက်ဆော့ပေးရမှာပေါ့လေ"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now