အခန်း ၂၃

2.8K 565 4
                                    

အခန်း ၂၃

ကျန်းလော့ ခုတင်အောက်ကို အချိန်အကြာကြီး ငုံ့ကြည့်နေခဲ့သော်လည်း ဘာကိုမှမတွေ့ခဲ့ပေ။ ညလယ်ခေါင်ကြီးမှာ သူ နည်းနည်းတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။

သရဲမက ဖုန်းကိုချသွားခဲ့ပြီး ဖုန်းလိုင်းပြတ်သွားခဲ့သည်။ ကျန်းလော့ သက်ပြင်းချလိုက်ပြီး အိပ်ရာပေါ်ပြန်လှဲကာ အတန်း၏အုပ်စုဖွဲ့ စကားပြောခန်းဖြစ်သော "တစ်ခုခုဖြစ်လျှင် အမွှေးတိုင်ကို ထွန်းလိုက်ပါ"အဖွဲ့ထဲကို အသံသွင်းထားတာ ပို့လိုက်သည်။

စကားပြောခန်းက သိပ်မကြာလိုက်ခင်မှာပဲ အသက်ဝင်လာခဲ့သည်။

[ ကောကျူ : ငါ ကျောချင်းကပ်ရပ် ဇာတ်လမ်းတွေအကြောင်းကို အရင်ကကြားဖူးတယ် ... သူ အိပ်ရာအောက်မှာများလား ]

[ ကျန်းလော့ : အိပ်ရာအောက်မှာ ဘာမှမရှိဘူး]

[ ကောကျူ : တာအိုဘုန်းကြီး၏ ရှော့ရသွားသောမျက်နှာ အီမိုဂျီ]

[ ဝမ်ယမ်လန် : ခွမ့်ကျိန်းနဲ့ ငါက အပြင်မှာရှိနေတုန်းပဲ ... လက်ရှိ အခြေအနေကတော့ တိုးတက်ခြင်းမရှိ]

ရွှီယန်၏အိပ်ရာစီ ကျန်းလော့ အကြည့်ရောက်သွားမိသည်။

ရွှီယန်၏ ခုတင်ခေါင်းရင်းနားမှာ ဖိနပ်တစ်စုံရှိနေခဲ့ပြီး ပေကျံနေသော ရွှံ့တွေက မနေ့ကထက်ပင် ပိုများလာခဲ့သည်။ အခုက မေလရောက်နေပြီဖြစ်ပြီး မနေ့တုန်းက ရွာခဲ့သော မိုး၏သဲလွန်စတွေက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ စိုစွတ်နေသောနေရာကို တမင်မသွားဘဲနှင့်တော့ အခုလို ပေကျံလာမှာမဟုတ်သလို ထိုကဲ့သို့သော နေရာမျိုးကိုလည်း ဘယ်မှာမှမတွေ့ရပေ။

စိုစွတ်တယ်၊ လွယ်လွယ်နဲ့လည်း ရေမခြောက်သလို၊ ဖုံးကွယ်ထားတဲ့ နေရာ။

[ ကျန်းလော့ : ရေဆိုးပိုက်တွေက ဘယ်နားလေးမှာလဲ

ရေဆိုးပိုက်တဲ့လား။

ရေကန်မှာ သဲလွန်စရှာနေခဲ့သော ဝမ်ယမ်လန် ရပ်တန့်သွားခဲ့ပြီး တွေးလိုက်မိသည်။

"ဖြစ်နိုင်‌ချေရှိတယ်"

ကန်ပတ်ပတ်လည်ကို သေသေချာချာ ပတ်ကြည့်နေသည့် ခွမ့်ကျိန်းကို သူ လှမ်းကြည့်လိုက်ပြီး အသံမြှင့်လိုက်၏။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now