အခန်း ၈၉ Unicode

2.1K 442 23
                                    

အပိုင်း (၈၉) 

အရောင်းပစ္စည်း ပြပွဲ

ကျန်းလော်သည် သရဖူကတ်နှစ်ကတ်နှင့် ပွဲတစ်ခုလုံးကို လှည့်ပတ်ကစားသွားသည်။ သူသည် ပထမဆုံး လုယုံရိနှင့် ကောကျူကို သခင်ကတ်ကိုင်ထားကြောင်း ဖော်ထုတ်လိုက်သည်။ ထို့ကြောင့် လူများသည် လုယုံရိကို သာမန်လူဖြစ်တာနှင့် သွားမရှုပ်ရဲပေ။ သူတို့သည် သူတို့သူငယ်ချင်းများကို ကိုယ်ပိုင် အစေခံအဖြစ် သတ်မှတ်ပြီး ကာကွယ်လိုက်ကြသည်။ ထီု့နောက် သူသည် လုယုံရိ၏ ကတ်ကိုယူလိုက်ပြီး ကောကျူကိုပေးလိုက်ကာ နောက်ထပ်လူသုံးယောက်ကို ကာကွယ်ရန်ပေးလိုက်သည်။ သူတို့ ရှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်မသိချင်ယောင်ဆောင်နေကြသောကြောင့် လူချမ်းသာအုပ်စုသည် သာမန်လူတစ်ယောက်နှင့် ကတ်လဲသုံးလိမ့်မည်ဟု မတွေးခဲ့ပေ။ သို့မဟုတ် ထိုကတ်ကို သာမန်လူများကို ကာကွယ်ရန်သုံးမည်ဟုလည်း မတွေးနိုင်ခဲ့ပေ။ 

ဒီလို မည်းနက်ကြောက်စရာကောင်းတဲ့ စည်းမျဥ်းနှင့် ကစားပွဲတွင် လူတိုင်းသည် သူတို့ကိုသူတို့ ကာကွယ်ဖို့ကလွဲရင် ဘယ်သူ့အကြောင်းကိုမှ စိတ်မဝင်စားအားပေ။ အကယ်၍ သူတို့ ကာကွယ်နိုင်ရင်တောင် လုပ်ပေးမှာ မဟုတ်ပေ။ ကျန်းလော်သည် နောက်ဆုံးလှည့်ကွက်သည် လည်းအလုပ်ဖြစ်ခဲ့သည်။ သူ့လက်ထဲမှ သခင်ကတ်ကို တခြားသူကိုပေးနိုင်လေသည်။ နံရံပေါ်တွင်ထိုသို့လုပ်နိုင်သည်ဟုရေးမထားပေ။

‘မရေးထားမှတော့ ရတယ်လို့ပြောတာပဲ မဟုတ်ဘူးလား’

မကောင်းဆိုးဝါးသည် သူ့ရှေ့မှ သခင်ကတ်ကို ကြည့်ပြီး ကြောင်နေသည်။ မြူများပျောက်သွားပြီးနောက် မငြင်သာသော ခံစားမှုတချို့ကို မသက်မသာခံစားလိုက်သည်။ ဆံပင်အနက်နှင့်ကောင်လေး၏ လက်ချောင်းများသည်  လုံးဝန်းနေပြီး သေသပ်နေသည်။ ဖြူဝင်းသန့်ရှင်းနေကာ လက်ချောင်းထိပ်သည် သရဖူထိပ်ရှိ ပြုတ်လုဆဲဆဲ ရတနာကို အသာအယာ ပွတ်နေသည်။

ထို့နောက် သူသည် ပြုံးလိုက်ပြီး 

“ငါမင်းကို ရွေးချယ်စရာ တစ်ခုပေးမယ်”

“ဒါပေမဲ့ ကျုပ်တို့ရဲ့ ဒုကပ္ပတိန်ကြီးကတော့ ကိုယ့်လမ်းကို မသွားဘဲ အမြဲတမ်းဝင်ရှုပ်နေတော့တာပဲ”

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now