အခန်း ၆၁ Unicode

2.4K 479 0
                                    

အပိုင်း (၆၁) လူခြောက်ကလေး

ရှန်တုချွင်ကျေးရွာ၏ မြေအောက်ထဲမှ တွင်းတူး၍ တွားထွက်လာသော စီးဝမ်ကွေးသည် မြေကြီးကိုအချိန်အတော်ကြာအောင် တူးခဲ့ရသော်လည်း သူ့သူငယ်ချင်းများ၏ အနံ့ကိုမရတော့ပေ။ သူသည် တွင်းပေါက်ရှေ့တွင် ဘယ်သွားရမှန်းမသိသောကြောင့် အကြာကြီး မက်တပ်ရပ်နေခဲ့သည်။ နေဝင်သွားသောအခါ လူများထွက်ခွာနေသည်ကို မြင်လိုက်သည်။ သူသည် သူတို့နောက်မှ လိုက်သွားကာ ရှန်တုချွင်ကျေးရွာမှထွက်လာပြီး လူများကြားရောနှောနေလိုက်သည်။

လူများသည် သူ့ကို တစ်ချိန်လုံး အထူးအဆန်းလိုကြည့်နေကြကာ သူ့အဝတ်အစားများကို ကြည့်၍ အချင်းချင်း တိုးတိုးပြောနေကြသည်။ ထို့ကြောင့် သေပြီးသားလူသည် သူတို့နှင့် အတူမသွားတော့ပေ။ သူသည် သံတွေ သံမဏိတွေနှင့် လုပ်ထားသော နေရာများစွာကို ရောက်ခဲ့ပြီး လူတွေအများကြီးကို တွေ့ခဲ့သော်လည်း သူ့သူငယ်ချင်းများကို ရှာမတွေ့ပေ။ သူသည် ဓားကိုဆွဲကာ နေရာတိုင်းလိုက်ရှာသည်။

'ငါဘယ်သွားရမလဲ'

'သူငယ်ချင်းတွေ ဘယ်မှာလဲ'

စီးဝမ်ကွေးသည် လူ့လောကတွင် လမ်းပျောက်နေသော အချိန်တွင် သူသည် မိမိကိုယ်ကို အရည်အချင်းရှာဖွေသူဟု ပြောသောလူတစ်ယောက်နှင့်တွေ့ခဲ့သည်။ သူသည် စီးဝမ်ကွေးကို စာချုပ်သာချုပ်မည်ဆိုလျှင် သူတို့ပြောသလိုလုပ်လျှင် သူ့သူငယ်ချင်းများကိုရှာပေးမယ်ဟု ပြောခဲ့သည်။ စီးဝမ်ကွေးသည် စာချုပ်တွင် လက်မှတ်ထိုးလိုက်ပြီး 'Next Stop! IDOL'သို့စေလွတ်ခံခဲ့ရသည်။ သူတို့မသွားခင်တွင် သူ့အေးဂျင့်သည် သူ့ကိုအရင်ဆုံး ဆံပင်လိုက်ညှပ်ပေးခဲ့သည်။ စီးဝမ်ကွေးသည် စိမ်ပြေနပြေပဲ သူ့ဆံပင်ရှည်ကြီးကို တိုသွားအောင်ညှပ်လိုက်သည်ကို မှန်ထဲမှကြည့်နေခဲ့သည်။ ထို့နောက် အေးဂျင့်သည်

"ကင်မရာပေါ်မှာပါရအောင် မင်းလုပ်နိုင်တာ အကုန်လုပ်၊ နားလည်လား၊ အဲ့တာမှ မင်းသူငယ်ချင်းတွေ မင်းကို တီဗီပေါ်မှာ မြင်ပြီး လာရှာကြမှာ"

စီးဝမ်ကွေးသည် အတွေးများနေပြီး

"ဟုတ်ပြီ"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now