အခန်း ၉၈

984 141 0
                                    

အပိုင်း (၉၈) သွေးငါးရှဉ့်များ နှင့် လူသားများ

ကျန်းလော်သည် ထိုသတ္တဝါ၏သွေးနှင့် အကျိအချွဲရည်တို့၏ လုပ်ဆောင်ချက်ကို ရွံရှာသွားသည်။

သွေးသည် လူကိုပူသွားစေရုံသာမက ထိုကိစ္စကိုတောင်ထကြွလာစေသည်။ မည်မျှစက်ဆုပ်ဖွယ်ကောင်းလိုက်ပါသနည်း။ ငါးထီး၏သွေးများသည် အလွန်ညစ်ပတ်လွန်းသောကြောင့် ပြောပြဖို့ပင် မထိုက်တန်ချေ။

ကျန်းလော်မျက်နှာသည် ပြာနှမ်းနေပြီး ဒေါသထွက်လွန်းသောကြောင့် ရင်ဘက်သည် နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။ သို့သော် မကောင်းဆိုးဝါးသည် ကျန်းလော်သည် ဒေါသကိုထိန်းနေပြီး သူ့ကိုဘာမှပြန်မလုပ်မိရန် ဟန်ဆောင်နေသည်ဟုထင်သွားကာ အလွန်စိတ်ဝင်စားလာသည်။ ထိုအချိန်တွင် ငါတို့သည် ကျန်းလော်၏ကံဆိုးသောညလေးကို ချီယုံ့ကို မြင်ခွင့်မပေးလိုက်သင့်ပေ။

ကျန်းလော်သည် အလွန်ပူသောလေများကို ရှူထုတ်နေသည်။ သူခန္ဓာကိုယ် ကိုယ်ပူကျသွားအောင် ကြိုးစားနေသည်။ မိုးရေများကြောင့် သူ့အဝတ်သည်ကိုယ်နှင့်ကပ်ကာ ရွှဲရွှဲစိုနေသော်လည်း နည်းနည်းများအေးမလာပေ။ ကျန်းလော်သည် ပုံမှန်အသံနှင့်

"စာသင်တာ ဒီလောက်ထိပဲ"

ပြောပြီး ကျန်းလော်သည် မကောင်းဆိုးဝါးကို ကျောခိုင်းကာ အခန်းပြန်သွားသည်။ မကောင်းဆိုးဝါးသည် ကျန်းလော်ကို ဆွဲလိုက်ပြီး သူ့ရှေ့သွားရပ်လိုက်သည်။ ကျန်းလော်သည် ရင်ဘက်ထဲတွင် တင်းကျပ်နေပြီး မကောင်းဆိုးဝါးကို မလှုပ်ဘဲမော့ကြည့်လိုက်သည်။ ဆံပင်အနက်နှင့်ကောင်လေး၏ မျက်နှာတွင် မြင်နေကျမဟုတ်စွာ နီရဲနေပြီး အသက်ရှူသံများလေးလံနေသည်။ အေးစက်သော မိုးရေထဲတွင်ပင် အငွေ့ဖြူဖြူများ အသက်ရှူလိုက်တိုင်းထွက်နေသည်။

သူ့မျက်လုံးများသည် အေးစက်နေပြီး သတိပေးသလို မကောင်းဆိုးဝါးကိုကြည့်လိုက်သော်လည်း မျက်လုံးများသည် အလွန်နီရဲနေသည်။ ဤကဲ့သို့ပုံမှန်မဟုတ်စွာ နီရဲနေခြင်းသည် ဒေါသမဟုတ်ဘဲ တစ်ခုခုကိုတောင့်ခံထားရခြင်းသာဖြစ်နိုင်သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now