အခန်း ၅.၁

3.2K 552 65
                                    

အခန်း ၅.၁

လုယုံရိ "..."‌

ကျန်းလော့ စကားဆုံးသွားချိန်မှာ လုယုံရိ ခန္တာကိုယ်တစ်ခုလုံး ထိန်းမရအောင် တုန်ရီလာခဲ့သည်။ သူ့ရဲ့ ဦးရေတွေ ထုံကျင်သွားခဲ့ပြီး သူ့အရှေ့မှာရှိနေတဲ့ သူရဲ့အဝတ်အစားတွေကို သူ ပွတ်ကြည့် လိုက်သည်။

အဝတ်အစားရဲ့အထည်သားက အကြမ်း ထည်ဖြစ်ပြီး ကိုင်ရတာ မာနေခဲ့သည်။ သေချာ ဂရုတစိုက်နှင့် အနံ့ခံကြည့်ပါက ရှင်းပြ၍မရသော မှိုနံ့တစ်မျိုးပင် ရှိနေ သေးသည်။ မိုးတွေရွာတဲ့နေ့တစ်နေ့မှာ အချိန်အကြာကြီး တင်းကျပ်နေအောင် အုပ်လွှမ်းခြင်းခံကို ခံထားခဲ့ရသည့် အလား မြေမှုန့်၏ ညှီစို့စို့အနံ့က အတူ ပါလာခဲ့သည်။

ထိုဟာက အမှန်တကယ်ပင် ကျန်းလော့ မဟုတ်ချေ။

လုယုံရိ ချွေးပြိုက်ပြိုက်ကျလာခဲ့သည်။ သူ့လက်ကို လွှတ်ချလိုက်ချင်သော်ငြား လည်း ထို "သူ"ကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားမှာလည်း ကြောက်မိ သည်။

"ယယ်ရွှင် ... ကျန်းလော့နဲ့ ငါ့ရဲ့ ကြားမှာ တကယ်ကြီးကို နောက်ထပ်လူ တစ်ယောက် ရှိနေတယ်"

သူတို့ရဲ့ အလယ်မှာ ရှိနေခဲ့သော ထိုအပို "လူ"က လှုပ်ရှားခြင်းမရှိချေ။ တူညီတဲ့ နေရာမှာပဲ ရပ်နေခဲ့ပြီး သူတို့ပြောတဲ့ စကားတွေကိုလည်း နားလည်ပုံမပေါက် ချေ။

ယယ်ရွှင် မေးလိုက်သည်။

"အဲဒီ့ဟာက ဘာကြီးလဲ"

လုယုံရိ ငိုချင်လာခဲ့သည်။

"ငါလည်း မသိဘူး ... ဒါပေမယ့် လမ်းလျှောက်နေတဲ့ အလောင်းကောင်ရဲ့ အနံ့လိုမျိုးတော့ ရတယ်"

ဘယ်လိုလုပ်ပြီးတော့ လမ်းလျှောက်နေ တဲ့ အလောင်းကောင်က ဒီနေရာမှာ ပေါ်လာရတာလဲ။

ယယ်ရွှင် မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းလော့ လက်ထဲကို အင်းစာရွက် ထိုးပေးလိုက်သည်။

"ဒီဟာကို ထျန်းကျုန်း ၊ ထျန်းထင်း နဲ့ စီခုန်နေရာမှာ ကပ်လိုက်"

ကျန်းလော့ "ငါ အားတော့နာပါတယ်... အဲဒီ့သုံးနေရာက ဘာတွေလဲ"

ယယ်ရွှင် ".... အဲ့တာကြီးရဲ့ နဖူးအလယ် တည့်တည့်ကို ကပ်လိုက်"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now