အခန်း ၁၇.၁

2.8K 522 4
                                    

အခန်း ၁၇.၁ ပထမနေရာ။

ပျော်လား မပျော်လား ကျန်းလော့ မသိ ပေမယ့် အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းသည့် ညဆိုတာတော့ သေချာ သည်။

မကောင်းဆိုးဝါးဝိညာဉ်က ကျန်းလော့ သူ့ကို ပြောခဲ့သောစကားတွေကို တစ်ဖန် ပြန်ပြောလာခဲ့သည်။ ထိုစာကြောင်း လေးတစ်ကြောင်းနှင့်ပင် ချီယုံ၏ အငြိုး ကြီးသော ကာရိုက်တာကို သူ လှစ်ဟပြ ခဲ့သည်။

ကျန်းလော့၏ ကိုယ်ပိုင်အကျင့်စရိုက်ကို ပြောရရင်တော့ အကျင့်ကောင်းသည်ဟု ပဲ သူ ထင်သည်။ တစ်စုံတစ်ယောက်က သူ့ကို မကောင်းကြံလာလျှင် သူ ထိုသူ့ကို ပြန်ပြီးတော့ တုံ့ပြန်ရမှကျေနပ်သည်။ သို့သော် ထိုသို့သောစရိုက်က ချီယုံဆီ ရောက်သွားသည့်အခါမှာတော့ ကျန်းလော့ သုံးခါတိတိ လှောင်ရယ်ရယ် ပြီးတော့ တော်တော် သဘောထားသေး သိမ်ရသလားဆိုပြီး ကျိန်ဆဲလိုက်မှာပင်။

သူ ရေထဲမှာ ကိုယ်တစ်ပိုင်းရပ်ရင်းနှင့် ချီယုံကို အမူအရာမရှိသောမျက်နှာဖြင့် မော့ကြည့်လိုက်သည်။

မကောင်းဆိုးဝါး၏ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ပွင့် ရှိနေခဲ့ပြီး ... နှုတ်ခမ်း ကွေးညွတ်နေသည့်ပုံစံက လူတစ်ယောက်၏လည်ပင်းမှာ ရစ်ပတ် နေသော ဆွဲကြိုးချသည့် ကြိုးလိုပင်။ မကောင်းဆိုးဝါး၏ ပြီးပြည့်စုံသည့် မျက်နှာတစ်ခြမ်းက အမှောင်ထဲမှာ ကနေခဲ့ပြီး နောက်တစ်ခြမ်းကတော့ လရောင်ထဲမှာ ထင်ဟပ်နေခဲ့သည်။ မျက်နှာက ချောမောပြီး လှပပေမယ့် လည်း ထိုမျက်နှာက လူတွေကို ကြက်သီးတဖြန်းဖြန်း ထစေသည်။

"ကျောင်းသားလေးကျန်း"မကောင်းဆိုးဝါးက ရှေ့ကို အေးအေး ဆေးဆေးပင် ခြေတစ်လှမ်း တိုးလာပြီး သူ့ရဲ့ သားရေဖိနပ်အသံက စိုစွတ် နေသော မြေကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ သူ့ရဲ့ အသံက ပျော်ရွှင် စရာနှင့် ကြုံနေသည့်အလား ရွှင်ပျနေခဲ့ သည်။

"မင်းရဲ့ ပုံစံက .... အခု တော်တော် လေးကို သနားစရာကောင်းနေတာ သိလား"

ဈေးကြီးသောဝတ်စုံကို ဝတ်ထားခဲ့ပြီး အင်္ကျီမှာ တွန့်ရာတစ်ခုတောင်မရှိသော မကောင်းဆိုးဝါးက ညကြီးသန်းခေါင် တောအုပ်အလယ်မှာ ရှိနေသင့်တာ မဟုတ်ဘဲ အချင်းချင်းဖန်ခွက်တိုက်ကာ စကားစမြည် ပြောဆိုနေကြသော လူစည်ကားသည့် ညစာစားပွဲမှာ ရှိနေ သင့်တာဖြစ်သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now