အခန်း ၈၀ Unicode

2.6K 539 30
                                    

အပိုင်း (၈၀) 

‘သောက်နှာဘူး ချီယုံ’

ကျန်းလော်အပေါ် တပ်မက်ခြင်းတို့ ဖြစ်ပေါ်နေမှန်း သိပြီးသွားပြီးနောက် ချီယုံသည် ကျန်းလော်ဘာလုပ်လုပ် သည်းခံဖို့ ဆုံးဖြတ်ထားသည်။ ယနေ့တွင်ကျန်းလော်သည် လူအုပ်ကြီးထဲဝင်ပုန်းနေပြီး လူများ၏အနံ့ကိုယ်စီက ကျန်းလော်ကိုယ်နံ့ကို လုံးလုံးလျားလျား ပျောက်ကွယ်သွားစေသည်။ 

သို့သော် ချီယုံ့အတွက် ထိုအရာသည် မဖောက်ရသေးသော လက်ဆောင်ပုံးလို ပုံမှန်စားသောက်ပွဲပြီးနောက် အချိုပွဲခန့်မှန်းသလောက်သာ ဖြစ်သည်။ သို့သော် သူသည် အလွန်စိတ်လှုပ်ရှားနေသည်။

မကောင်းဆိုးဝါးသည် လူအုပ်ကြားထဲ ဒီတိုင်းဝင်သွားသော်လည်း သူ့ကိုမောင်းထုတ်မည့်သူ မရှိပေ။ သူ့ကို စိတ်ကြိုက်သွားခွင့်ပေးထားပြီး မျက်စိအစာကျွေးနေကြသည်။ မကောင်းဆိုးဝါးသွားသည့်နေရာတိုင်းတွင် လမ်းဖယ်ပေးသူများရှိနေသောကြောင့်  မကောင်းဆိုးဝါးသည် လူတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ 

ထိုအချိန်တွင် အက်ကွဲသံတစ်သံကြားလိုက်ကာ ဖူလုတစ်စောင်သည် ချီယုံ့ဘယ်ဘက်လက်နားသို့ လာကပ်သည်။ တစ်စုံတစ်ယောက်သည် ရယ်မောလိုက်ပြီး 

“သရဲတွေလို ဟန်ဆောင်လိုက်ကြစို့ မပေါ်ကြေးနော်”

 ဘေးပတ်လည်မှလူများသည် ဆူညံကုန်ကြပြီး ဘယ်သူကမှ ဖူလုကြောင့် မအံ့ဩသွားကြပေ။ မကောင်းဆိုးဝါးသည် ခေါင်းငုံ့ကြည့်လိုက်ရာ သူ့အင်္ကျီတွင် ဖူလုကြောင့် တမြည့်မြည့်လောင်ကျွမ်းသွားသော အပေါက်ကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်များသည် ကော့တက်သွားပြီး နောက်ထပ်ရွှေရောင်ဓားတိုတစ်ချောင်းသည် သူ့နောက်မှပျံဝဲလာသည်။ မကောင်းဆိုးဝါးသည် အချိန်မှီရှောင်နိုင်လိုက်သော်လည်း ရွှေဓားမြှောင်သည် သူ့လည်ပင်းကို ရှပ်ထိသွားပြီး သွေးထွက်လာစေသည်။ ထိုရွှေဓားမြှောင်သည် လေထုထဲတွင်ပင် ပြန်လည်ပျောက်ကွယ်သွားသည်။ 

ဒဏ်ရာမှ သွေးများထွက်လာသည်။ ချီယုံသည် ဓားမြှောင်လာရာဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူ့နောက်တွင် မည်သူမျှရှိမနေပေ။ လက်မြောက်လိုက်ပြီး ဒဏ်ရာကိုသုတ်လိုက်ရာ သွေးမည်းမည်းများ ပန်းထွက်လာသည်။ 

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now