အခန်း ၆.၂

3.2K 573 39
                                    

အခန်း ၆.၂

အမယ်အိုကြီးက မျက်နှာထက်မှာ ထူးဆန်းပြီး ကြောက်ဖို့ ကောင်းသော အပြုံးကို ချိတ်ဆွဲထားခဲ့ပြီး သူမ ကြင်ကြင်နာနာဖြင့် ပြောလာခဲ့သည်။

"သားလေး ... ပြန်အိပ်တော့လေ"

အမယ်အိုကြီးရဲ့ ပါးစပ်ထဲမှာ တစ်ခုခုကို ဝါးနေခဲ့ပြီး သူမရဲ့စကားတွေက လုံးထွေး နေခဲ့သည်။သူဌေးဖြစ်သူ မသိစိတ်က နေပြီးတော့ အနည်းငယ် စိတ် မသက်မသာ ခံစားလာခဲ့ရသည်။

"အမေ ... ဘာကိုစားနေတာလဲ"

သူ့ရဲ့အကြည့်တွေကို အမယ်အိုကြီးရဲ့ ဖြူဖွေးနေသောသွားတွေဆီ အကြည့်ပို့ လိုက်ပေမယ့် သူမြင်လိုက်ရတာက ထိုအပေါ်မှာ ပေကျံနေသော နီရဲရဲ သွေးတွေကိုပင်။

စိတ်မတင်မကျဖြစ်မှုက သူဌေးဖြစ်သူထံ ရုတ်ချည်းရောက်လာခဲ့ပြီး သူ အကြည့် ကိုအောက်ပို့လိုက်ချိန်မှာတော့ အမယ်အို ရဲ့လက်တွေက သွေးချင်းရဲရဲနီနေသော အကွက်ကြီးဖြစ်အောင် အသားတွေ ကိုက်ထုတ်ခံထားရသည့် သူ့လက်မောင်း ကို ကိုင်ထားတာ တွေ့လိုက်ရသည်။ သူဌေးဖြစ်သူရဲ့ မျက်လုံးတွေ ချက်ချင်း ပြူးကျယ်သွားခဲ့ပြီး အေးစိမ့်မှုက သူ့ ကျောရိုးထဲကနေ ထိုးတက်လာခဲ့ကာ အလွန်အမင်း ကြောက်ရွံ့မှုက သူ့ရဲ့ လည်ချောင်းထဲကနေပြီး "ဟေး ဟေး"ဆိုသော အသံကိုသာ ထွက်လာစေခဲ့ပြီး သူ အော်တောင်မအော်နိုင်ခဲ့ချေ။

အမယ်အိုကြီးက ပြုံးလျှက်ပင် သူ့ခေါင်း ကိုငုံ့ပြီး သူ့ရဲ့လက်မောင်းကို ကိုက်ဝါး နေခဲ့သည် ... သွေးတွေက အရသာ ရှိသော သောက်စရာဖျော်ရည်အလား သူ့ပါးစပ်ထဲကို တန်ဖိုးထား၍ လောဘ တကြီးနှင့် မျိုချနေခဲ့သည်။ အသားကို ဝါးနေသည့်အသံ တွေက ပိုပိုပြီးတော့ ကျယ်လောင်လာခဲ့ သည်။

အမယ်အိုကြီးရဲ့ ရှုံ့တွနေသောမျက်နှာ တစ်ခြမ်းမှာ သွေးတွေဖြင့် ပေရေနေခဲ့ပြီး သူဌေးက ကြောက်လွန်းအားကြီး၍ သိမ့်သိမ့်တုန်နေခဲ့သောကြောင့် သူ့ရဲ့ မျက်လုံးတွေက အပြင်ကိုတောင် ထွက်ကျလာတော့မတတ် ဖြစ်နေခဲ့ပြီး သူ့ရဲ့ တဆတ်ဆတ်ခါနေသော နောက်ထပ် လက်တစ်ဖက်က သူ့သားရဲ့ ဗိုက်ပေါ်ကို ဖိနေခဲ့မိသည်။ အိပ်မောကျ နေသော ကလေးက အသိမရှိဖြစ်နေပေ မယ့် တစ်နေ့လုံးထိန်းထားခဲ့ရသော သေးတွေက ထွက်ကျလာခဲ့ပြီး အသံ တစ်သံမှမထွက်ဘဲ အိပ်ရာခင်းကို အကွက်အကြီးကြီး စိုသွားစေခဲ့သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now