အခန်း ၁၈

3.1K 567 26
                                    

အခန်း ၁၈

ပိုင်ယယ်ဖုန်းက ဘားမှာတွေ့ခဲ့ရသော သာမန်လူတွေကို မဟုတ်‌ပေ။ ဝမ်ယမ်လန်၏ စကားအရဆိုလျှင် ပိုင်ယယ်ဖုန်းက သက်တူရွယ်တူလူငယ် တွေကြားမှာ အရည်အချင်းအရှိဆုံးထဲ က တစ်ယောက်ပင်။ ထိုကဲ့သို့သော သူမျိုးက ချီယုံ ဝင်ပူးတာကိုခံရပြီးတော့ ကြိုးကိုင်ခြယ်လှယ်တာကို ခံရတာ ဖြစ်နိုင်ပါ့မလား။

အပြန်လမ်းတစ်လျှောက်မှာ ဝမ်ယမ်လန် ကို ပိုင်ယယ်ဖုန်းအကြောင်းတွေ ကျန်လော့ တောက်လျှောက်မေးလာ ခဲ့သည်။

"အဲတစ်‌ယောက်က တကယ်ကို အစွမ်းထက်တာလား"

"တော်တော်‌လေး အစွမ်းထက်တယ် "

ဝမ်ယမ်လန် ပြောလိုက်သည်။

"သူ့ရဲ့ စွမ်းရည်ထက် ပိုနာမည်ကြီးတာက သူ့ရဲ့ လူမှုဆက်ဆံရေးပဲ"

ဝမ်ယမ်လန် ပြော‌ရင်းနှင့် တန့်သွားခဲ့ သည် ကြည့်ရတာ ကျန်းလော့ ဝမ်းနည်း သွားအောင် လုပ်မိမှာစိုး၍နှင့်တူသည်။

"သူ့မှာ နောက်လိုက်တွေ အများကြီး ရှိတယ် ... ပြီးတော့ သူ့ကို ဒုတိယချီယုံ လို့လည်း ‌သတ်မှတ်ထားကြတာ"

ကျန်းလော့ ရယ်မိလုနီးပါး ဖြစ်သွားခဲ့ သည်။ "ဒုတိယချီယုံတဲ့လား"

"အမှန်ပဲ"ကျိုးကျုံးချိုး ပြောလိုက် သည်။ "ပိုင်ယယ်ဖုန်းက လွန်ခဲ့တဲ့ လေး ငါးနှစ်လောက်ကနေစပြီး ချီယုံ ပုံစံ လိုက်အတုခိုးနေခဲ့တာ။ သူ့ရဲ့ အပြုအမူ တွေနဲ့ ဝတ်ပုံစားပုံတွေက ချီယုံနဲ့ ပိုပိုပြီး တော့ တူလာခဲ့တာ။ ချီယုံ သေတုန်းက သူ့ရဲ့ နာရေးကိုတောင် ပိုင်ယယ်ဖုန်း လာခဲ့ သေးတယ်"

ကျန်းလော့ သတိရသွားခဲ့သည်။

"အဲတာပဲ "

ပိုင်ယယ်ဖုန်း သူ့ကို ပစ်မှတ်ထားရသည့် အကြောင်းရင်းကို သူ ရှာတွေ့သွားခဲ့ ပြီပင်။

ပိုင်ယယ်ဖုန်းက သူလုပ်ကြံပြောခဲ့သည့် အလိမ်အညာတွေကို တစ်နေရာရာကနေ ကြားပြီးတော့ ချီယုံ၏ နောက်လိုက် တစ်ယောက်အနေနှင့် "ချီယုံက သူ့ကို ကြိုက်နေတယ်"ဆိုသည့်အချက်ကြောင့် ပိုင်ယယ်ဖုန်းက သူ့ကို ပစ်မှတ်ထား နေသည်မှာ မဖြစ်နိုင်စရာ‌အကြောင်း မရှိပေ။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now