အခန်း ၂၇

2.9K 579 19
                                    

အခန်း ၂၇

ကျောင်းကြီးခြောက်ကျောင်းထဲက တစ်ကျောင်းဖြစ်သော ဖုန်းမိသားစု၏ ဆရာသခင်အသစ်ဖြစ်သည့် ဖုန်းလီက ချီမိသားစု၏ခေါင်းဆောင် ချီယုံ၏ မျက်နှာကို သေချာပေါက်ကို တွေ့ဖူးသည်။

သူ အံ့ဩသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်၊ မကောင်းဆိုးဝါး အရောင်အဝါက ချီယုံဆီကနေ ထွက်လာတာကြောင့်လည်း ပါသလို သူပြောလာသည့် စကားတွေကြောင့်လည်း ပါသည်။

လူ နှင့် မကောင်းဆိုးဝါး နှစ်ယောက်စလုံးက တူညီတဲ့စကားတို့ကို ပြောလာခဲ့ကြ၍ ‌သူတို့ပြောတာက သေချာပေါက်ကို အမှန်တရားဖြစ်သည် သို့သော် နက်ရှိုင်းသော ချစ်ခြင်းကို ဖုန်းလီ လုံးဝ မခံစားမိပေ။ ဖုန်းလီ၏ ညာလက်က ချိတ်စည်းတစ်ခုကို ပြေပြစ်ကြော့ရှင်းကာ ရေးဆွဲလာခဲ့ပြီး သူ၏ ရှည်သွယ်သော လက်ညိုးနှင့် လက်ခလယ်က အတူတူပူးကပ်သွားကာ သူ ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။ "နောက်ပြန်ဆုတ်စမ်း"

လူတွေ၏ မျက်းလုံးနှင့်မမြင်နိုင်သော မီးလျှံတစ်ခုက ထတောက်လာခဲ့ပြီး လေထုကိုတောင် အနည်းငယ် ပုံပျက်သွားစေခဲ့သည်။ လူအုပ်ကြီးကို မကောင်းဆိုးဝါးများအား နှင်ထုတ်နိုင်သော အစွမ်းရှိသည့်အပြင် သူတို့တွေကို သေသည်အထိ လောင်ကျွမ်းစေနိုင်သော ယင်စွမ်းအင် မီးလျှံများက ဝန်းရံထားခဲ့ပြီသည်။

ကျန်းလော့ကို စိတ်ဝင်တစားကြည့်နေခဲ့သော ချီယုံက နောက်ဆုံးမှပဲ ဖုန်းလီကို လှည့်ကြည့်တော့သည်။

မီးလျှံများက နီးကပ်လာချိန်မှာ ချီယုံ မျက်လုံးကို မှေး၍ကြည့်လိုက်ပြီး မီးလျှံတွေကို ပြန်တိုက်ခိုက်နိုင်သော စွမ်းအင်မရှိသည့်အလား အဆုံးမှာ ကျန်းလော့ ခန္ဓာကိုယ်ပေါ်ကနေ ဖယ်ခွာပြီး အရိပ်အယောင်မကျန်ခဲ့အောင် ပျောက်ကွယ်သွားခဲ့သည်။

ဖုန်းလီ သူ့လက်ကိုတည်တည်ငြိမ်ငြိမ် ပြန်ချလိုက်ပြီး မျက်မှောင်ကြုတ်၍ ကျန်းလော့ကို ကြည့်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။

"အသက်ရှင်နေတဲ့ လူတွေနဲ့ သရဲတစ္ဆေတွေက သွားရာလမ်းမတူဘူး။ သူက မကောင်းဆိုးဝါးတောင် ဖြစ်သွားပြီ။ မင်း ဘာကို မျှော်လင့်နေသေးတာလဲ"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now