အခန်း ၂၂

2.7K 536 4
                                    

အခန်း ၂၂.၁

ကျန်းလော့ အော်ရယ်မိလုနီးပါးပင်။

ဘယ်ဟာကများ မင်းထက်ပိုပြီးတော့ ကြောက်ဖို့ကောင်းနိုင်မှာတဲ့လဲ။

သူ့ဘေးနားမှာ လူအရေခြုံထားသော ရက်စက်သည့်ဝိညာဉ်ရှိနေခဲ့ပြီး တံခါး၏ အပြင်ဘက်မှာတော့ ညစ်ညမ်းသောအရာ‌နောက်တစ်ခု ရှိနေခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ပစ္စည်းတွေထားတဲ့အခန်းထဲ၌ ပိုင်ယယ်ဖုန်းနှင့်အတူ ပုန်းနေရမည့်အစား အပြင်မှာရှိနေသော သရဲနှင့်သာ ကျန်းလော့ ရင်ဆိုင်လိုက်ချင်သည်။

မကောင်းဆိုးဝါးဝိညာဉ်၏ သဘာဝမကျသော သရုပ်ဆောင်မှုကို ကျန်းလော့ ထုတ်ဖော်မပြရုံသာမကပဲ သူ့လေသံထဲမှ မုန်းတီးမှုများကိုပါ သူ ပြင်းပြင်းပြပြ ခံစားလိုက်မိသည်။

ထိုအမုန်းတရားတွေက သူ့အာရုံကြောများကို တောင့်တင်းလာစေခဲ့၏။

တံခါးပိတ်ထားခဲ့သော ပစ္စည်းတွေထားသည့်အခန်းထဲရှိ လေထုက အောက်သိုးသိုးဖြစ်နေခဲ့သည်။ ထို့အပြင် ထိုအထဲမှာ လူတွေမတ်တပ်ရပ်ဖို့ရာလောက်ပဲ နေရာရှိသည်။

ပိုင်ယယ်ဖုန်း၏လက်ကို ကျန်းလော့ ရိုက်ထုတ်လိုက်ပြီး နောက်တစ်လှမ်းဆုတ်၍ ပိုင်ယယ်ဖုန်းဆီ‌ကနေ သူ့ကိုယ်သူခွာလိုက်သည်။

ခေါင်းထက်မှာရှိနေ‌ခဲ့သော မီးသီးများက နောက်တခဏမှာ ဖောင်းကနဲ ပေါက်ထွက်လာတော့မည့်အလား မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကြ၏။ အနံ့အသက်ဆိုးကြီးက တံခါးအဟကြားကနေ တိုးဝင်လာခဲ့ပြီး တစ်ယောက်ခန်းတံခါးလေးကို မြူပါးပါးတစ်လွှာက လွှမ်းခြုံသွားခဲ့သည်။

သန့်စင်ခန်း၏အပြင်ဘက်မှာ ရုတ်တရပ်ဆိုသလို ခြေသံတွေကို ကြားလာခဲ့ရ၏။

ခပ်ပြတ်ပြတ် ယောက်ျားသံတစ်သံက ကြမ်းကြမ်းတမ်းတမ်း ပြောလာခဲ့သည်။

"သူ ဘယ်မှာလဲ။ ငါတို့ သူ့ကို လွတ်သွားလို့မဖြစ်ဘူး"

"မြန်မြန်လုပ် ... သူ သန့်စင်ခန်းထဲမှာ ပုန်းနေတာ... မြန်မြန်ရှာကြရအောင် မဟုတ်ရင် ငါတို့ကိုရှာတွေ့သွားလိမ့်မယ်"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now